25 w - Translate

အမှိုက်ပုံကြီးကို လက်တင်အမေရိကရဲ့ အကြီးဆုံး ရပ်ရွာအခြေပြုစိုက်ခင်းအဖြစ် ပြောင်းလဲခြင်း

အရင်ကတော့ ဒီနေရာက အမှိုက်ပုံကြီးဗျ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရဲ့ ဆင်းရဲသားရပ်ကွက်ထဲမှာ ရှိတာ။ မန်ဂွေညိုရပ်ကွက်ဆိုတာ ဆေးသမားတွေ ခြေချင်းလိမ်ပြီး ပစ်ခတ်မှုတွေဆိုတာလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲ။ ဒီရပ်ကွက်ထဲမှာ နေသူတွေအတွက်လည်း ဘဝမျှော်လင့်ချက်ဆိုတာ မရှိသလောက်ရှားတယ်။

နောက်တော့ ဒီအမှိုက်ပုံကြီးကို ရှင်းလင်းပြီး ရပ်ရွာအခြေပြုစိုက်ခင်း လုပ်ဖို့ စီစဉ်ကြတယ်။ ဘောလုံးကွင်း ၃ ကွင်းလောက် ကျယ်တဲ့ ဒီစိုက်ခင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ရင်းနဲ့ လက်တင်အမေရိကမှာ အကြီးဆုံး ရပ်ရွာအခြေပြုစိုက်ခင်းကြီး ဖြစ်လာတယ်။ တခြားစိုက်ခင်းတွေလို ပိုးသတ်ဆေး မဖြန်းဘူး၊ ဓာတ်မြေသြဇာမသုံးဘူး၊ သြဂဲနစ် စိုက်တာ။

အခုဆိုရင် တစ်လကို သြဂဲနစ် ဟင်းသီးဟင်းရွက် ၂ တန်လောက် ထွက်နေပြီ။ ရီယိုဒီဂျနေးရိုးမြို့ အစိုးရအဖွဲ့ကလည်း ရပ်ရွာအခြေပြုစိုက်ခင်း ၅၀ အထိ တိုးချဲ့တယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးပြီး ဟင်းသီးဟင်းရွက်တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ပြန်လည်ရောင်းချပေးနိုင်နေပါပြီ။

Ref: Brazil's flourishing community gardens