25 w - Translate

အမှိုက်ပုံထဲက ရတဲ့စာအုပ်တွေစုပြီး အမှိုက်သိမ်းသမားတွေ တည်ထောင်ခဲ့တဲ့ စာကြည့်တိုက်

တူရကီနိုင်ငံ အန်ကာရာမြို့မှာ အမှိုက်ပုံထဲကရတဲ့ စာအုပ်တွေကိုစုပြီး အမှိုက်သိမ်းသမားတွေ တည်ထောင်ထားတဲ့ စာကြည့်တိုက်တစ်ခု ရှိပါတယ်။ အမှိုက်သိမ်းသမားတွေဟာ အမှိုက်ပုံထဲက ရလာတဲ့ စာအုပ်တွေကို အုတ်ဖုတ်စက်ရုံအဟောင်းထဲမှာ သိမ်းဆည်းထားရင်း လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေကို ငှားဖတ်ခွင့် ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ စာအုပ်တွေ တဖြည်းဖြည်း များလာတဲ့အခါ စာကြည့်တိုက်ဖွင့်ဖို့ အကြံရခဲ့တာပါ။

သူတို့က အုတ်ဖုတ်စက်ရုံအဟောင်းကြီးကို စာကြည့်တိုက်အဖြစ် အသွင်ပြောင်းလဲခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ အများပြည်သူစာကြည့်တိုက်အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။ စာအုပ်ပေါင်း ၆၀၀၀ ကျော် ရှိပြီး တစ်ကြိမ်ကို သီတင်းပတ် ၂ ပတ်ကြာအထိ ငှားရမ်းခွင့်ပေးပါတယ်။

Ref: Garbage collectors open library with abandoned books

image