25 w - Translate

မလေးရှားမှာ MRT Station က Samsung Galaxy Station ဆိုတော့ ထူးဆန်းတာနဲ့ လိုက်ဖတ်မိတယ်

ဇာတ်လမ်းကတော့ Apple နဲ့ Samsung တို့ရဲ့ သွေးအေးပြိုင်ပွဲလေးတစ်ခုကြောင့်ပါတဲ့

TRX Mall မှာ Apple က Apple Store ဖွင့်ထားပါသတဲ့
ပြသနာက ဒီကစတာပါ Apple နဲ့ TRX Mall တို့ ရဲ့ Contract မှာက Shopping Mall အတွင်း ထဲမှာ တခြား ပြိုင်ဘက် Brand တွေရဲ့ ကြော်ငြာတွေကို ကြော်ငြာခွင့်မပြုပေးဖို့ သဘောတူထားကြသတဲ့

သဘောက Showroom တော့ ဖွင့်ခွင့်ပြုမယ် ၊ Shopping Mall အတွင်းကြော်ငြာတွေတော့ မရဘူးပေါ့

ဒီမှာ ဆရာကျသွားတာ Samsung ပဲ Mall ထဲမှာ မကြေငြာရလဲကိစ္စမရှိဘူး Shopping Mall နဲ့ မသက်ဆိုင်တဲ့ မြေအောက်က MRT Station ကို စပွန်ဆာပေးပြီး “TRX Samsung Galaxy Station” ဆိုပြီး နာမည်ပြောင်းပေးလိုက်ရောဗျာ

Galaxy Station မှာဆင်းမယ်ဆိုရင် Samsung Members တွေအတွက်ပါ E-Gift Voucher နဲ့ အလကား စီးနင်းခွင့်ပေးလိုက်သေးတယ်လို့ဖော်ပြထားတဲ့အထိတွေ့ရတယ်

သင်က Apple Fan ဆိုပါစို့ TRX Apple Store ကို သွားရင် “TRX Samsung Galaxy Station” မှာဆင်းရမှာ ပါ ပိုဆိုးတာက MRT ပေါ်ကဆင်းရင်လဲ Mall ထဲမဝင်ခင် Samsung ရဲ့ ကြော်ငြာတွေကို တသီကြီးမြင်ရမှာလို့ Internet ပေါ်က Comment တွေအရတွေ့ရတော့ Apple Fan တွေ တော်တော်ကိုခံရခက်မှာပဲ xD

Apple ကိုတစ်ကွက်ပြလိုက်တဲ့ Samsung ရဲ့ပါးနပ်မှုကိုတော့ ချီးကျူးရတော့မှာပါပဲ

image