25 w - Translate

အမ်းမရိတ်စ်ကွင်းမှာ ဗင်ဂါး၊အာတေတာ တို့ထက် တစ်ပွဲပျမ်းမျှရမှတ် ပိုများနေတဲ့ အမ်မရီ

ဗီလာအသင်းနည်းပြ အူနိုင်း အမ်မရီသည် အာဆင်နယ်အသင်း၏ အိမ်ကွင်းဖြစ်သည့် အမ်းမရိတ်စ်ကွင်းတွင် ပရီးမီးယားလိဂ်တစ်ပွဲပျမ်းမျှရမှတ်အများဆုံးရယူနိုင်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်နေကြောင်း သိရသည်။မှတ်တမ်းများအရ အာဆင်နယ်အသင်းနည်းပြဟောင်းတစ်ဦးလည်းဖြစ်သူ အူနိုင်းအမ်မရီသည် အမ်းမရိတ်စ်ကွင်းတွင် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲများမှ တစ်ပွဲပျမ်းမျှရမှတ်(၂.၂၆)မှတ်အထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။ယင်းမှာ အမ်းမရိတ်စ်ကွင်းတွင် ပရီးမီးယားလိဂ်ပွဲ (၁၀)ပွဲအထက် ယှဉ်ပြိုင်ဖူးသောနည်းပြများထဲတွင် အများဆုံးပမာဏဖြစ်ပြီး အာဆင်နယ်အသင်း၏ ဂန္ထဝင်နည်းပြကြီး အာဆင်ဗင်းဂါး၊လက်ရှိနည်းပြ မီခေးလ် အာတေတာတို့ထက်ပင် ပိုများသော ပမာဏဖြစ်နေသည်။အမ်းမရိတ်စ်ကွင်းတွင် ဗင်းဂါးက ပရီးမီးယားလိဂ် တစ်ပွဲပျမ်းမျှရမှတ်(၂.၂၂)မှတ်၊အာတေတာက (၂.၁၁)မှတ်သာ ရယူနိုင်ခဲ့ကြသည်။

image