ဒန့်ဒလွန်သီးချက်မစားဖြစ်သေးရင် မရင့်အောင် ခြောက်မသွားအောင် ဘယ်လိုသိမ်းမလဲ???
ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး အကြောသင်ပြီးသား ပိုင်းဖြတ်ထားတဲ့ ဒန့်ဒလွန်ပိုင်းလေးတွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲထည့်ပြီး အဖုံးအုပ်ထားပါ။
တစ်မိနစ်လောက်ဆိုရပြီ။
ပြီး ရေငှဲ့ပြီးရေအေးထဲစိမ်ထားပါ။
ပြီးရင်ဇကာနဲ့ရေစစ်ထားပါ။
ရေခြောက်ရင် အိတ်နဲ့ဖြစ်ဖြစ် ဗူးနဲ့ဖြစ်ဖြစ်သေချာ ပိတ်ပြီး ရေခဲသေတ္တာထဲသိမ်းထားပါ။
စားချင်တဲ့နေ့မှထုတ်ချက်စားနိုင်ပါတယ်။
လချီပြီးအထားခံပါတယ်နော်။
ကိုယ်လဲfb ကသူများသင်ပြတာ
ကြည့်ပြီးလိုက်လုပ်တာအဆင်ပြေလို့
ပြန်မျှဝေတာပါ။
