25 w - Translate

မိန်းကလေးတစ်ဦးဟာ အဖေရကံကောင်းရင်ကောင်း. ...
မဟုတ်လို့ လက်တွဲဖော်ရကံကောင်းရင် ဘဝခရီးကို တစ်ဝက်လောက် သက်သောင့်သက်သာနဲ့ လမ်းလျှောက်ခွင့်ရနိုင်တယ်။

ပြောရရင် သူ့အတွက် အဖေက ပုခုံးတစ်ဖက်မဖြစ်ပေးနိုင်တဲ့အခါ. ....
သူရွေးချယ်ခဲ့တဲ့အမျိုးသားကရော သူ့လက်တစ်ဖက်အဖြစ် ရှိနိုင်ခဲ့လား။
အဖေလျစ်လျူရှုခဲ့တဲ့ဆန္ဒတွေကို သူ့လက်တွဲဖော်က ဖြည့်ပေးလား။
အဖေမပေးတဲ့မေတ္တာကို သူ့လက်တွဲဖော်ဆီက ရလား။

ဒါဆိုရင် အဲ့အမျိုးသမီးက အစမှာပိုပင်ပန်းခဲ့ပေမယ့်. ....ဘယ်လောက်ပဲ ဒဏ်ရာအနာဆွေးဟောင်းတွေရှိနေပါစေ၊ အဲ့အပေါ်ပန်းပွင့်လေးတွေ ထိုင်ဆွဲပေးရင်း ဖုံးအုပ်ကာကွယ်ပေးခြင်း ခံရတာနဲ့တူတယ်။

"အနာရှိပေမယ့် ဆေးရှိတယ် "

အကယ်၍ သူ့လက်တွဲဖော်က မကောင်းဘူးဆိုရင်လည်း အချိန်မရွေးသူမဟာ အိမ်ကိုပြန်ပြေးလိုက်တာနဲ့. ....ဘယ်လောကဓံမှ ငါ့သမီးကို မထိနဲ့လို့ အကာအကွယ်ပေးမယ့် အဖေ၊
အင်အားရှိတဲ့အဖေ၊ အဆင်သင့်ဖြစ်နေတဲ့အဖေကို တွေ့ခွင့်ရနိုင်တယ်ဆိုရင်
အဲ့အမျိုးသမီးဟာလည်း ဘယ်သွားသွား ခလုတ်တိုက်ပြီး ငိုပြန်လာတာနဲ့ ချော့မြူစိုးရိမ်ပေးခြင်းခံရတဲ့ ကလေးနဲ့တူတယ်။

" အနာရှိပေမယ့် ဆေးရှိတယ် "

မဟုတ်ပဲ ဘဝမှာ ချစ်ပေးတဲ့အဖေရော
လက်တွဲဖော်ကောင်းကိုပါ မရခဲ့တဲ့အမျိုးသမီးကတော့. ...ကိုယ်လဲရင် ကိုယ်ထ၊ ကိုယ့်ဒဏ်ရာ ကိုယ်ကုရင်း. .....
နောက်ဆုံး မခံနိုင်တော့ဘူးလို့ တိတ်တိတ်ကလေး ချောင်မှာသွားကပ်မှိုင်နေရင်တောင်
ဘယ်သူကမှ အရေးတယူ လာထူပေးခြင်းမခံရတဲ့ မေတ္တာတရားရဲ့ ဘေးထွက်ဆိုးကျိုးလို လူဖြစ်တာပါပဲ။

"အနာပဲ ရှိတယ်၊ ဆေးမရှိဘူး "
ဖြစ်ရင် ကိုယ့်အနာနဲ့ပဲ ကိုယ်ပြန်ကုရတယ်။

ပိုသန်မာလာမှာပါလို့ ခဏခဏ အားပေးခြင်းခံရပေမယ့် ကိုယ့်ဘာသာ ကုန်းရုန်းထနေရတာတော့
ခံစားချက်အားလုံးကို ကိုယ်ကိုယ်တိုင်ပဲသိတာမဟုတ်လား ။