25 w - Translate

ချဲလ်ဆီးအကယ်ဒမီကနေ ကင်းထောက်ကိုယ်တိုင်လာပြီး လူရွေးပွဲလုပ်ခဲ့တာလို့ သတင်းလွှင့်နေခဲ့တဲ့ အေးဂျင့်ကို ပညာသားပါပါလှောင်ပြောင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစားသမားမောင်မောင်လွင်...
လက်ရှိမှာ အဲ့လူရွေးပွဲကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးဂယက်ရိုက်နေတဲ့အပြင် ချဲလ်ဆီးအသင်းကပါ တရားဝင်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားဖွယ်ရှိနေပါတယ်။
လူရွေးပွဲကိုလာခဲ့တဲ့ ကင်းထောက်ကလည်း ချဲလ်ဆီးအသင်းရဲ့တရားဝင်ကြေငြာထားတဲ့ကင်းထောက်စာရင်းမှာ နာမည်ပါဝင်နေခြင်းမရှိဘူးလို့ သိရပါတယ်။
တစ်ဆက်တည်းပြောချင်တာကတော့ ဘောလုံးအကယ်ဒမီလူရွေးပွဲဆိုတာတွေကို ရာနှုန်းပြည့်မယုံကြည်လိုက်ကြပါနဲ့...အကယ်၍အဲ့လိုမျိုးပွဲတွေရှိခဲ့ရင်လည်း သက်ဆိုင်ရာအသင်းတွေက တရားဝင်ကြေငြာပါလိမ့်မယ်။ အနည်းဆုံးတော့ သက်ဆိုင်ရာအသင်းရဲ့ ကစားသမားဟောင်းအချို့အဲ့လူရွေးပွဲကို တက်ရောက်ပါလိမ့်မယ်။ ကလေးတွေရဲ့အိပ်မက်တွေကို ချနင်းပြီး နောက်ဆုံးမှာ ကိုယ့်အကျိုးစီးပွားအတွက်ပဲလုပ်သွားတဲ့ပွဲတွေ ဒီနိုင်ငံမှာမနည်းမနောပါ။
စကားတွေအများကြီးပြောရင် အမှားတွေအများကြီးပါကုန်မှာစိုးလို့ ဒီလောက်ပဲရေးပါတော့မယ်။ လူတစ်ဦးဟာ ဆိုရှယ်လ်မီဒီယာပေါ်မှာ ကိုယ့်အကြောင်းကိုယ် အရမ်းကို branding လုပ်နေပြီ၊ သူဘယ်လောက်အထိအရည်အချင်းရှိနေပါတယ်၊ ဘယ်လောက်တော်ပါတယ်၊ ဘယ်လောက်တတ်ပါတယ်၊ ဘယ်လောက်အထိ လူတွေကိုအကျိုးပြုနေပါတယ်ဆိုပြီး ကိုယ့်အကြောင်းကို အရမ်းအမွှန်းတင်နေပြီဆိုရင် အဲ့လူကိုသတိထားကြပါ။ ကြောက်ဖို့ကောင်းပါတယ်။
#aboutfootball
#halloffame

image