25 w - Translate

ပီဇာတာဝါ(Pisa Tower )ကို‌‌လေ့လာကြည့်ကြမယ်

📌ပီဇာတာဝါဆိုတာ မြေကြီးပိုင်းမှာ‌ ပေါ့လျော့အလေးမထားမိခဲ့လို့ ကျွံကြတိမ်းစောင်း သွားတဲ့
အီတလီ(Italy)နိုင်ငံ က သမိုင်း၀င်အဆောက်ဦး
တာဝါတစ်ခုပဲဖြစ်ပါတယ်။ပီဇာတာဝါကို AD 1173မှာစတင်အကောင်အထည်ဖော် စလုပ်ခဲ့ပြီး နှစ်ပေါင်း ၂၀၀ နီးပါးကြာမြင့်ခဲ့ပါတယ်။

📌ဖောင်ဒေးရှင်းအမျိုးစားကshallow ဖောင်ဒေးရှင်းအမျိုးစားဖြစ်ပြီး အဝိုင်းပုံ(အချင်းမီတာ၂၀အထိ)အခြေတည်ထားပြီး‌တော့ ပီဇာတာဝါတစ်ခုလုံးရဲ့အလေးချိန်ဟာဆိုရင် မက်ထရစ်တန်ပေါင်း ၁၅၇၀၀ အထိလေးပါတယ်။တာဝါဟာအမြင့်အားဖြင့် ၅၆.၆၇မီတာ(ပေအားဖြင့်၁၈၅.၉၃)အထိရှိပါတယ်။အဲ့‌ခေတ်အဲ့အခါအနေအထားနဲ့ကြည့်ရင် တော်တော်လေး‌မြင့်တယ်လို့ဆိုနိုင်ပါတယ်။

📌တည်ဆောက်နေစဉ်ကာလမှာပဲစတင်တိမ်းစောင်းလာတာကိုသတိပြုမိခဲ့ကြပါတယ်။ခေတ်အဆက်ဆက် တိမ်းစောင်းလာရာကနေ နောက်ဆုံးမှာ တောင်ဘက်ကိုသိသိသာသာစောင်းနေပါတော့တယ်။

📌ပီဇာတာဝါ(Pisa Tower) ဘာလို့တိမ်းစောင်းသွားလဲဆိုတာကို ပညာရှင်တွေစတင်အဖြေရှာခဲ့ကြပါတယ်။ဘာကိုသွားတွေ့လဲဆိုရင် အနက်၁၁မီတာမှာ အားပျော့တဲ့ရွှံ့အလွှာကိုတွေ့ရှိခဲ့ပါတယ်။ အဲ့တာကြောင့်ပညာရှင်တွေဟာမလုံလောက်တဲ့ဖောင်ဒေးရှင်းနဲ့ အဆိုပါရွှံ့မြေကြောင့် တိမ်းစောင်းတယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။

📌1990ခုနှစ်မှာတော့ ပီဇာတာဝါ(Pisa Tower)ကြီးကိုစတင်ပိတ်ဆို့လိုက်တယ်။အကြောင်းရင်းကတော့မြေကျွံတိမ်းစောင်းခြင်းက အခြေနေတော်တော်လေးဆိုးလာလို့ပဲဖြစ်ပါတယ်။ပညာရှင်တွေဟာ သမိုင်း၀င်တာဝါကြီးကို ထိန်းသိမ်းပြုပြင်ဖို့စတင်နည်းလမ်းရှာလာကြပါတယ်။

📌အဆိုပါနည်းလမ်းက‌တော့ တာဝါကြီးဟာ တောင်ဘက်ကိုစောင်းနေတာကြောင့် မြောက်ဘက်ခြမ်းမှာရှိတဲ့မြေကြီး‌မက်ထရစ်တန်ပေါင်း၇၀ထိ အခေါက်‌ရေ ခွဲတူးထုတ်ပြီးပြုပြင်ခဲ့ခြင်းပဲဖြစ်ပါတယ်။အဆိုပါပရော့ဂျက်ကြောင့်မို့ အခု‌ဆို ပီဇာတာဝါ(Pisa Tower)ဟာ တောင်ဘက်ကို4ဒီဂရီသာသာပဲတိမ်းစောင်းပြီး တည်ငြိမ်လျက်ရှိကာ သမိုင်း၀င်တာဝါကြီးတစ်ခုအဖြစ်ဆက်လက်ရပ်တည်နေလျက်ရှိပါတယ်။

#radiant
#construction
#knowledge

image