25 w - Translate

ဒီပုံဆို သင်္ကြန်က အာရှတခုလုံးကို ပျံ့တော့မယ့် အနေအထားပဲ

#စင်ကာပူမှာလုပ်မယ့်ကိုရီးယားသင်္ကြန်❞
Waterbomb Singapore 2024 ကို ဩဂုတ်လ ၂၄ ရက်နေ့ (စနေနေ့) နဲ့ ၂၅ ရက်နေ့ (တနင်္ဂနွေနေ့) မှာ စင်ကာပူမှာလုပ်မယ်။
ကိုရီးယား နွေရာသီပွဲ Waterbomb Festival ဖြစ်တဲ့အတွက် Korean pop, hip hop နဲ့ EDM artists တွေ စင်ကာပူကိုလာမှာဖြစ်ပါတယ်။
ကိုရီးယားမှာလုပ်မယ့်ပွဲမှာ Bibi, Jay Park, Chung Ha, Zico တို့ပါဝင်ပြီး စင်ကာပူမှာလုပ်မယ့်ပွဲအတွက် စာရင်းမထွက်သေးပါ။
Waterbomb Singapore 2024 ဟာ UOB Bank က ပြုလုပ်တဲ့ပွဲဖြစ်တဲ့အတွက် မေလ ၂ ရက်နေ့မှာ UOB Card holder တွေကို လက်မှတ်ဝယ်ခွင့်ပေးမှာဖြစ်ပြီး မေလ ၃ ရက်နေ့မှာ ကျန်တဲ့သူတွေဝယ်ခွင့်ရပါလိမ့်မယ်။
ဒါဟာ ကိုရီးယား Waterbomb Festival ရဲ့ ဂျပန်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ဒူဘိုင်းစတဲ့နိုင်ငံတွေကို ၂၀၂၄ Tour လုပ်ရာမှာ စင်ကာပူကိုပါဝင်တာဖြစ်ပါတယ်။
သင်္ကြန်ကိုဘယ်သူကစခဲ့တယ်ဆိုတာထက် ဘယ်နိုင်ငံက နိုင်ငံ့ခေါင်းဆောင်ကောင်းအောက်မှာ တည်ငြိမ်တိုးတက်မှုရှိပြီး ယဉ်ကျေးမှုကို ကမ္ဘာကိုပေါက်အောင်လုပ်နိုင်သလဲက ပိုစကားပြောလာပြီဖြစ်ပါတယ်။
ကိုရီးယားဟာ သူတို့ရဲ့ K-Pop ယဉ်ကျေးမှုနဲ့ကမ္ဘာကိုထိုးဖောက်ပြီး မိတ်ကပ်တွေရောင်းတာကစလို့ စီးပွားရေးအကျိုးအမြတ်အများကြီးရအောင် လုပ်နိုင်ခဲ့ပါတယ်။
ဒီအကြောင်းတွေတွေးရင် ညီလေးကိုဝဏ္ဏရဲ့ "သူတို့ကဟိုး ၁၉၈၀ လောက်ကတည်းက ဒါတွေကိုကြိုတင်တွေးတောပြင်ဆင်ထားခဲ့တာ၊ တနေ့မှာ ငါတို့ဘယ်လောက်အထိ ကမ္ဘာမှာပေါက်ရမယ်ဆိုပြီး plan ချထားခဲ့တာအကို"ဆိုတဲ့စကားကိုပြန်သတိရမိပါတယ်။
Richard Myo Thant
17-April -2024
#richardmyothant

image