3 w - Translate

တရုတ်နှင့်အာဆီယံနိုင်ငံများမှ မြို့တော်ဝန်များ ယွမ်၃ဒသမ၃ဘီလီယံတန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်၁၄ခု လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ၊ နန်နင်းမြို့နဲ့ အာဆီယံဒေသတွင်းနိုင်ငံ‌တွေက မြို့ကြီးတွေရဲ့မြို့တော်ဝန်တွေဟာ ယွမ်၃ဒသမ၃ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူစာချုပ်၁၄ခုကိုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။

ဇန်နဝါရီ၁၆ရက်က တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပတဲ့ Global Mayor Dialague ပထမနေ့မှာ အခုလို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး၊ ခရီးသွား ကဏ္ဍ၊ အားကစားနဲ့ ပညာရေး စတဲ့အခန်းကဏ္ဍ‌တွေမှာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုကျင်းပတဲ့ Global Mayor Dialagueကို ရန်ကုန်မြို့တော်ဝန် ဦး‌ဗိုလ်ဌေးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆွေးနွေးမှုအစီအစဉ်မှာ နန်နင်းမြို့တော်ဝန်အပါအဝင် လာအို၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံတို့ကမြို့တော်ဝန်တွေနဲ့ တာဝန်ရှိသူတွေက အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

image