3 w - Translate

စွန့်ပစ်ခံရသည့် လသားကလေးငယ် ဆေးကုသမှုခံယူနေ
---------------------------
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ဘူတာကြီးရှေ့ရှိ သံလွင်လမ်းမဘေး ရေမြောင်းအတွင်းကို စွန့်ပစ် ခံရတဲ့ကလေးဟာ လက်ရှိမှာ ဆေးကုသမှု ခံယူနေတယ်လို့ သွားရောက်ကူညီကယ်ဆယ်ခဲ့တဲ့ သဗ္ဗသုခ နာရေး ကူညီမှုအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊
ဇန်နဝါရီ ၁၅ ရက် မနက် ၁၀ နာရီကျော်အချိန်လောက်က လသားအရွယ်ကလေးငယ်တစ်ယောက်ကို ပုဗ္ဗသီရိ မြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ နေပြည်တော်ဘူတာကြီးရှေ့ သံလွင်လမ်းမဘေး ရေမြောင်းအတွင်း လာရောက် စွန်ပစ်ထားခဲ့တာ ဖြစ်ပါတယ်၊၊

ဒီလိုမျိုး ကလေးစွန့်ပစ်တဲ့ဖြစ်စဉ်တွေက ခဏခဏဖြစ်ပွားနေပြီး ကလေးတစ်ယောက်မွေးဖွားဖို့ အစီအစဉ် မရှိဘူး ဆိုရင် အစကတည်းက ကလေးမယူသင့်ဘူးလို့ သဗ္ဗသုခနာရေးကူညီမှုအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊ လက်ရှိမှာတော့ လသားအရွယ်ကလေးငယ်ကို နေပြည်တော် ဥတ္တရသီရီမြို့နယ် ကလေးရောဂါ အထူးကု (ခုတင်-၅၀၀)ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်၊၊ ဓာတ်ပုံ- သဗ္ဗသုခ နာရေးကူညီမှုအသင်း

image