😊😄😄😉☺️😉🥰🥰
ခရစ်တီယာနိုရော်နယ်ဒိုအနေနဲ့ ဆော်ဒီအာရေဗျပရိုလိဂ်ကလပ်နဲ့သူ့ရဲ့စာချုပ်သက်တမ်းတိုးဖို့နဲ့ပတ်သက်ပြီးအသေးစိတ်ကိုဖွင့်ဟပြောဆိုမှုတွေရှိလာခဲ့ပြီးနောက် ကမ္ဘာ့လုပ်ခလစာအမြင့်ဆုံးရရှိမဲ့ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။ဒါ့အပြင် စာချုပ်သစ်မှာတော့ ကလပ်အသင်းရဲ့ရှယ်ယာပိုင်ဆိုင်မှုပါဝင်လာဖွယ်ရှိတယ်လို့သတင်းတွေကဖော်ပြပါတယ်။
အသက် ၃၉ နှစ်အရွယ်ခရစ်တီယာနိုရော်နယ်ဒိုအနေနဲ့ တနှစ်လုပ်ခလစာပေါင် ၁၆၇.၉ သန်းထက်မြင့်မားတဲ့လုပ်ခလစာကို အယ်လ်နာဆာလ်အသင်းကနေလက်ခံရရှိဖို့ရှိနေပြီး သူ့ရဲ့ကစားသမားသက်တမ်းကိုနောက်ထပ်တနှစ်ဆက်တိုးဖွယ်ရှိနေပါတယ်။
ရော်နယ်ဒိုဟာ စာချုပ်သက်တမ်းတိုးတဲ့အဆင့်မှာရှိနေတာကြောင့် ဆော်ဒီအာရေဗျပရိုလိဂ်မှာ အသက် ၄၀ အရွယ်အထိ တပတ်လုပ်ခလစာ ပေါင် ၃.၁၉ သန်း သို့မဟုတ် တရက်လုပ်ခလစာ ပေါင် ၄၁၉၈၀၀ သို့မဟုတ် တမိနစ်လုပ်ခလစာ ၂၉၁ ပေါင်နှုန်းဖြင့်လက်ခံရရှိဖို့ရှိနေပါတယ်။
အယ်လ်နာဆာလ်အသင်းအနေနဲ့ ရော်နယ်ဒိုကို အသင်းရဲ့ရှယ်ယာ ၅ % ပေးအပ်မှုနဲ့အတူ ကျေးဇူးတုံ့ပြန်ဖို့ရှိနေပြီး အဆိုပါကမ်းလှမ်းမှုဟာ လာမဲ့အနာဂတ်မှာ စီအီးအိုအသစ်နဲ့ဥက္ကဌသစ်ခန့်အပ်ဖို့ရှိနေတဲ့ကလပ်အသင်းရဲ့အဖွဲ့အစည်းပြန်လည်တည်ဆောက်မှုအပြောင်းအလဲတွေကြားမှာပဲ့ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
![image](https://www.myspace.com.mm/upload/photos/2025/01/ClXSlTotZvanA9TEn9oZ_17_34748f8f38dadb8f24e4ecbd3b5319cb_image.jpg)