ငါးစင်ရိုင်းမဆလာအချဉ်ဆီပြန် 🥰😋
========================
🌟 အရမ်းကိုလွယ်ကူတဲ့ချက်နည်းပဲဖြစ်ပါတယ်။ ကျွန်တော်က ပျင်းတော့ လွယ်အောင်ပဲချက်တယ်။
🌟 ငါးစင်ရိုင်းကိုရေဆေးသန့်စင်ပြီး သင့်တော်သလိုတုံးထားကာ ဆား၊ ဆနွင်း၊ ကုလားလေးမဆလာ၊ ရေညှိမှုန့်ထည့်ကာ သမအောင်နယ်ပြီး နှပ်ထားပါ။
🌟 ဆီပြန်ထုံးစံအတိုင်း ကြက်သွန်ဖြူ၊ နီ၊ အရောင်တင်၊ ငရုတ်သီးခွဲခြမ်းကို ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းထားပါ။
🌟 မန်ကျည်းမှည့်ရေဖျော်ထားပါ။
🌟 အိုးထဲဆီထည့်ပြီး ဆီပူလာရင် ဆနွင်းအနည်းငယ်ထည့်ပါ။ ထို့နောက် ထောင်းထားတာထည့်ပြီး ဆီနာနာသတ်ပါ။
🌟 ဆီသတ်တာမွှေးလာပြီဆိုရင် ငါးထည့်မွှေပါမယ်။
🌟 ငါးထည့်ပြီး ဆီသတ်ပြီးလျှင် မန်ကျည်းမှည့်ရေ အနည်းငယ်လောင်းထည့်ပါမယ်။ ဆား၊ ရေညှိမှုန့်ထည့်ပါမယ်။
🌟 ရေခမ်းလာရင် မန်ကျည်းမှည့်(အချဉ်စားနိုင်သလောက်) ထပ်ထည့်ပါမယ်။ ငံပြာရည်အနည်းငယ်ထည့်ပါမယ်။
🌟 မန်ကျည်းမှည့်မထည့်ချင်ရင် ရေနွေးထည့်နိုင်ပါတယ်။ အဲ့နောက် ရေခမ်းဆီပြန်လာသည်အထိ ထားပါမယ်။
🌟 ဆီပြန်လာရင်တော့ မဆလာ အနည်းငယ် ထည့်ပါမယ်။ နံနံပင်အုပ်ပါမယ်။ ခဏကြာရင်တော့ မွှေးကြိုင်ပြီး အရမ်းကိုစားလို့ကောင်းတဲ့ ငါးစင်ရိုင်းမဆလာအချဉ်ဆီပြန်ကိုရပါပြီ။
😁 ကိုယ်က ဆီပြန်တစ်လိုင်းမို့ ဆီပြန်အချက်များတာနော့။ 😋😛😛