အောင်ပန်းရဲစခန်းအချုပ်ကနေ ဖောက်ပြေးသွားသူအားလုံးကို ပြန်လည်ဖမ်းမိပြီဟုဆို
ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့ ရဲစခန်းအချုပ်ခန်းကိုဖောက်ပြီး သေနတ်ယူဆောင် ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ (၁၀) ဦးလုံးကို ၁၀ ရက်မပြည့်ခင်မှာဘဲ ပြန်လည်ဖမ်းမိခဲ့ပြီလို့ ကလောရဲစခန်းနဲ့နီးစပ်သူထံက သိရပါတယ်။
အဆိုပါတရားခံ ၁၀ ဦးတို့ဟာပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်၊ မနက် ၁ နာရီခွဲခန့်က အချုပ်ခန်းဖေါက် ထွက်ပြေးသွားခဲ့ကြတာဖြစ်ပြီး အဲဒီအထဲက တရားခံ ၂ ဦးကိုတော့ အဲ့ဒီနေ့မှာပဲ ပြန်ဖမ်းမိခဲ့သလို ဇန်နဝါရီ ၁၄ ရက်မှာ ၂ ဦး ထပ်မံဖမ်းမိခဲ့တာပါ။
အဲဒီနောက် မနေ့က( ဇန်နဝါရီ ၁၆) မနက်ပိုင်းက ရွာငံဘက်မှာ တရားခံ ၅ ဦးကိုဖမ်းမိခဲ့သလို ညနေပိုင်းမှာတော့ ကျန်နေတဲ့ တရားခံ ၁ ဦးကို ဗထူးဘက်မှာ ပြန်ဖမ်းမိခဲ့တာကြောင့် အချုပ်ခန်းဖောက်ပြေးသူ ၁၀ဦးလုံးကို ၁၀ ရက်မပြည့်ခင်ဘဲ ပြန်ဖမ်းမိခဲ့တာ ဖြစ်တယ်လို့သိရပြီး ပါသွားတဲ့သေနတ်လည်းပြန်ရပြီလို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး