ROUND LAB 1025 Dokdo Toner🌼
ပေါ်ကာစကနေ ခုချိန်ထိ Korea မှာ Top selling ဖြစ်နေတဲ့ Round Lab 1025 dokdo toner လေး။ Simplicity’s the best ဆိုတဲ့စကားကို ထောက်ခံနေတဲ့ toner တခုဖြစ်ပါတယ်။ ဗူးပုံစံလေးမြင်တာနဲ့ စိတ်ကိုကြည်လင်မှုပေးတဲ့ ဒီ toner လေးက Nyi သဘောအကျဆုံး toner တွေထဲက တခုပါပဲ။ အဓိက သူ့ရဲ့အားသာချက်ဆိုရင် အသားအရေပေါ်မှာ နူးညံ့ငြင်သာစွာနဲ့ effect ပေးနိုင်တယ်။ Gentle ဖြစ်လို့ သုံးရတာ ပျင်းဖို့ကောင်းမလား? ဘာ effect မှမရဘဲ တချို့ derm approved skincare တွေလို ရေပဲလိမ်းနေရသလိုဖြစ်မလား? လို့ စိတ်ပူဖို့မလိုဘူး။ ဒီ Round lab dokdo toner က အသားအရေပေါ်မှာလဲ အရမ်း gentle ဖြစ်တယ် နောက်ပြီး မြင်သာတဲ့ result တခုကိုလဲ ပေးနိုင်ပါတယ်။ အရင်ဆုံး သူ့မှာ perfect trios 'Panthenol, Allantoin, Betaine' တို့ပါတယ်။ Mild exfoliation အတွက် Round lab ရဲ့ ကိုယ်ပိုင် ingredient တခုပါဝင်ပါတယ်။ Texture က ရေလိုကျဲကျဲလေးနဲ့ ဘာအနံ့မှမရဘူး။ ခုလိမ်း ခုစိမ့်ဝင် ခုပျောက်ပဲ။ ဒါပေမဲ့ ရေဓာတ်ကိုတော့ သေချာပေးနိုင်တာ တွေ့ရပါလိမ့်မယ်။ 2ပတ်လောက် မနက်ညစွဲသုံးသွားရင် အသားအရေက smooth ဖြစ်ပြီး ချွေးပေါက်လေးတွေ ညက်လာတာ မြင်ရတယ်။ ဆားဝက်ခြံတွေကို ပိုမဆိုးအောင် ထိန်းပေးတယ်။ အဆီဖုသေးသေးလေးတွေဆိုရင် ပြုတ်ထွက်သွားစေတယ်။ နောက်ပြီး နှာခေါင်းနဲ့ ပါးစပ်တဝိုက် တွေ့ရတဲ့ sebaceous filaments လေးတွေ ဒီ toner က အရမ်းနိုင်တယ်နော်။ သူ့ကို 2-3ပတ်သုံးပြီး မျက်နှာကိုင်ကြည့်ရင် ချောမွတ်နေရောပဲ။ Nyi က သူ့ကို မနက်ညသုံးဖို့ အကြံပေးပါတယ်။ All skin types highly recommended!
#crd