Part-1
*ရပိုင်ခွင့်ကို သုံးစွဲရာ၌
လူ့အဖွဲ့အစည်းအတွင်း လူတစ်ဦးက မိမိ၏ ရပိုင်ခွင့် တစ်စုံတစ်ရာကို လွတ်လပ်စွာ သုံးစွဲသည့်အခါ ယင်းသုံးစွဲမှုက တစ်ပါးသောသူအား ထိခိုက် နစ်နာစေတာမျိုးလည်း ကြုံရနိုင်သည်။
ဥပမာ၊ လူတစ်ယောက်က သူ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို သုံးစွဲကာ လူမျိုးရေး၊ ဘာသာရေးနှင့် စပ်လျဉ်းသည့် ပြင်းထန်သော အယူအဆများကို ပြောဆို ဖြန့်ချိမှုကြောင့် လူမျိုးရေး ဘာသာရေးဆိုင်ရာ မုန်းတီးမှုများနှင့် ပဋိပက္ခများ ပေါ်ပေါက်စေခြင်းမျိုး။
လူစုလူဝေးတစ်ခုက ပြည်သူ့ ရပိုင်ခွင့်တစ်ခုဖြစ်သည့် ဆန္ဒပြခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို လွတ်လွတ်ကျွတ်ကျွတ် ကျင့်သုံးခြင်းကြောင့် အခြားသူတို့၌ လွတ်လပ်စွာ သွားလာမှု၊ ရောင်းဝယ် ဖောက်ကားမှု စသည်များ ထိခိုက်ရခြင်းမျိုး စသဖြင့် ဖြစ်သည်။
သည်အခါမျိုးတွင် ထိခိုက်နစ်နာသူ၊ ရပိုင်ခွင့် ဆုံးရှုံးသူများ အကျိုးအလို့ငှာ သင့်တော်သော တားဆီးမှုများ ပြုလုပ်ရန် လိုအပ်တတ်သည်။
ထို့ပြင် နိုင်ငံ အစိုးရတို့အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုပေးရန်အတွက်လည်း အခြေခံဥပဒေကပင် တာဝန် ပေးအပ်ထားခြင်းမျိုးရှိရာ လုံခြုံရေးကို အကြောင်းပြု၍ အခြေခံ ရပိုင်ခွင့်များကို ကာလအပိုင်းအခြား တစ်ခုအထိ ရပ်ဆိုင်းထားရတာမျိုးလည်း ရှိတတ်သည်။

#ဆက်ရန်ရှိ