"Apocalypto (2006)" ရုပ်ရှင်အညွှန်း
IMDb Rating: 7.8/10 | Rotten Tomatoes: 65%
Mel Gibson ရဲ့ "Apocalypto" ဟာ မာယာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ပြန်လည်တင်ပြထားတဲ့ ရုပ်ရှင်တစ်ကားပါ။ မာယာလူမျိုးတွေဟာ ယဉ်ကျေးမှုကြီးစွာ ဖန်တီးနိုင်ခဲ့ပေမယ့် စစ်ပွဲနဲ့ အယူမှားတွေကြောင့် မျိုးသုဉ်းသွားရတဲ့ သမိုင်းတစ်ခုကို ဒီဇာတ်ကားက ဆွဲဆောင်မှုရှိစွာ ဖော်ပြထားပါတယ်။
ဇာတ်လမ်းရဲ့ အဓိကမှာ Jaguar Paw ဆိုတဲ့ လူငယ်တစ်ယောက် မိသားစုနဲ့ဘဝကို ကယ်တင်ဖို ကြိုးစားရင်း အခက်အခဲတွေကို ကျော်ဖြတ်သွားတာကို ရင်ခုန်စွာကြည့်ရှုရမယ်။ မာယာဘာသာစကားနဲ့ ရိုက်ထားတာကလည်း သဘာဝကျပြီး ယဉ်ကျေးမှုကို သေသေချာချာ ဖော်ပြနိုင်ပါတယ်။
R-rated ဖြစ်တာကြောင့် အ!သ!တ်အဖြ!တ်ဆန်မှုတွေ ပါဝင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။ သမိုင်းနဲ့ ယဉ်ကျေးမှုကို စူးစမ်းချင်သူတွေအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
#movie