ပြီးခဲ့တဲ့ညတုန်းက လီဗာပူးလ်အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာဂိုးပေးခဲ့ရတဲ့အနေအထားနဲ့ပတ်သက်ပြီးရာနှုန်းပြည့်အမှားအယွင်းပြုလုပ်ခဲ့တဲ့ အာလ်နေးစလော့ဒ်လက်အောက်ကအဂ်လန်ပရီးမီးယားလိဂ်နာမည်ကြီးကလပ်လီဗာပူးလ်အသင်းရဲ့နောက်ခံကစားသမား ဗာဂျယ်လ်ဗန်ဒိုက်ကို ရီယိုဖာဒီနန်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ပွဲချိန် ၈ မိနစ်ကတည်းက ခရစ်၀ုဒ်ရဲ့ဦးဆောင်ဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ရလဒ်နဲ့ဦးဆောင်နိုင်ခဲ့ပြီး ၁-၁ ဆိုတဲ့ရလဒ်ဖြစ်အောင်ဒီယေဂိုဂျိုတာအနေနဲ့ ပွဲချိန် ၆၆ မိနစ်မှာခြေပဂိုးလိုက်သွင်းနိုင်ခဲ့တာဖြစ်တာကြောင့်လီဗာပူးလ်အသင်းအနေနဲ့ ၂ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပေမဲ့ အမှတ်ပေးဇယားထိပ်မှာအရင်အတိုင်းရပ်တည်နေနိုင်ဆဲ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ရီယိုဖာဒီနန်အနေနဲ့ အဆိုပါပွဲစဉ်ရဲ့ပထမဆုံးသွင်းဂိုးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဗာဂျယ်လ်ဗန်ဒိုက်အနေနဲ့ အမှားအယွင်းလုပ်ခဲ့ရာမှာပါဝင်ပတ်သက်မှုရှိခဲ့ပါတယ်။ခရစ်၀ုဒ်အနေနဲ့ ဗာဂျယ်လ်ဗန်ဒိုက်ကိုရှုပ်ထွေးမှုဖြစ်အောင်လုပ်ဆောင်ခဲ့ပြီး သူ့အနေနဲ့ တချို့အချိန်မှာပြိုင်ဘက်ကစားသမားတွေလှည့်လိုက်ကစားရာမှာအမှားအယွင်းရှိခဲ့ပါတယ်။
သူ့အနေနဲ့ ကြိုတင်ကြည့်ထားဖို့လိုပါတယ်။ခရစ်၀ုဒ်အနေနဲ့လည်း ကန်သွင်းယူဖို့ပိုကောင်းတဲ့အနေအထားရှိခဲ့ပြီး ဗန်ဒိုက်အနေနဲ့ မပိတ်ထားနိုင်ခဲ့ပါဘူး။ဒီဟာကပြိုင်ဘက်ကစားသမားကိုနေရာလွတ်ဖြစ်စေခဲ့ပါတယ်လို့ ဖာဒီနန်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ