ကင်ဆာဖြစ်စေနိုင်သည့် ဆိုးဆေးပါသောအစားအစာများကို အမေရိကန် တားမြစ်
------------------------
အမေရိကန်ပြည်ထောင်စုမှာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေရှိတဲ့ အဆင့်-၃ ဆိုးဆေးပါဝင်တဲ့ အစားအစာတွေကို တား မြစ်ပိတ်ပင်ထားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဓာတ်ခွဲခန်းမှာ အဆင့်-၃ ဆိုးဆေးပါဝင်တဲ့ သကြားလုံးတွေ၊ ဂျယ်လီတွေ၊ ကိတ်မုန့်တွေနဲ့ အအေးတွေကို စစ်ဆေးလိုက်တဲ့အခါမှာ ကင်ဆာဖြစ်စေနိုင်တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပြီး လူသားတွေရဲ့ ကျန်းမာရေး အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာကြောင့် အခုလို တားမြစ်တာဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်အခြေစိုက် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက အနီရောင် အဆင့်-၃ ဆိုးဆေးပါတဲ့ အလှကုန်တွေကို ပိတ်ပင်ထားပြီး နောက် ဆယ်စုနှစ် သုံးခုအကျော်ကြာမှာ အခုလို ဆိုးဆေးပါဝင်တဲ့ အစားအသောက်တွေကို တားမြစ်ပိတ်ပင် လိုက်တာဖြစ်ပါတယ်။
![image](https://www.myspace.com.mm/upload/photos/2025/01/VtSxN4Lov6jroVp59SaL_17_a3d0a6ec44b91a2cb4d9f4c250fb263f_image_small.jpeg)
![image](https://www.myspace.com.mm/upload/photos/2025/01/KLYT4jD3X8xwbx4AJNI7_17_a3d0a6ec44b91a2cb4d9f4c250fb263f_image_small.jpeg)