ရခိုင်ရှောက်သီးသုပ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"ရခိုင်ရှောက်သီးရှုးရှဲသုပ်"
ရှောက်သီးကိုအခွံခွာပြီး ရှောက်မွှာလေးတွေရအောင်ချွေထားပေးပါ။ မျှင်ငပိနဲ့ငရုတ်သီးစိမ်းကို ကင်ပြီး ထောင်းထားပါ။ ငရုတ်ကောင်းစေ့အနည်းငယ်လည်းထောင်းထားပါ။ အပေါ်မှ အရာအကုန်လုံးကိုထည့် ငံပြာရည်အနည်းငယ် အချိုမှုန့်အနည်းငယ်ထည့်ပြီး အသာလေးနယ်ပေးပါ။ စားကောင်းတဲ့ ရခိုင်ရှောက်သီးရှုးရှဲသုပ်လေးရပါပြီ။ ပုဇွန်ခြောက်မှုန့်လေးထည့်သုပ်ရင်တော့အချဉ်ပေါ့ပါတယ်။