25 w - Translate

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ဖို့ ဘယ်အသင်းတွေ
ဘယ်လောက် အခွင့်အရေးရှိကြလဲ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲများမတိုင်မီ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Opta ကချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်တက်ရန် မည်သည့်အသင်းအနေဖြင့် မည်မျှ အခွင့်အရေးရှိသည်ဆိုခြင်းကို ဖြစ်နိုင်ခြေရာခိုင်နှုန်းများဖြင့် ထုံးစံအတိုင်း ဖော်ပြခဲ့သည်။ ပထမအကျော့က အဝေးကွင်းတွင် (၃-၂)ဂိုးဖြင့် အနိုင်ရရှိထားသော ဘာစီလိုနာအသင်းမှာဆီမီးဖိုင်နယ်တက်ရန် အခြေအနေအကောင်းဆုံးအသင်းဖြစ်ပြီး Opta ကရာခိုင်နှုန်းအမြင့်ဆုံးအဖြစ် (၇၇%)အထိ သတ်မှတ်ပေးထားသည်။သို့ဖြစ်ရာ ဘာစီလိုနာနှင့် ကစားရမည့် ပြိုင်ဘက် PSG အသင်း၏ ဆီမီးဖိုင်နယ်အခွင့်အရေးမှာ (၂၃%)သာ ရှိနေသည်။ပထမအကျော့အိမ်ကွင်းတွင် (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သော အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဆီမီးဖိုင်နယ်တက်ရန် ဖြစ်နိုင်ခြေရာခိုင်နှုန်း (၆၅%)ရှိနေပြီး ပြိုင်ဘက် ဘိုရပ်ရှားဒေါ့မန်အသင်းမှာ ဆီမီးဖိုင်နယ်အခွင့်အရေး (၃၅%)သာ ရှိနေသည်။ပထမအကျော့ အင်္ဂလန်မြေတွင် (၂-၂)ဂိုးဖြင့် သရေကျခဲ့ကြသည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် အာဆင်နယ်အသင်းတို့၏ ဆီမီးဖိုင်နယ်အခွင့်အရေးမှာ များစွာမကွာဟဘဲ ဒုတိယအကျော့တွင် အိမ်ရှင်အဖြစ်ပြန်ကစားရမည့် ဘိုင်ယန်မြူးနစ်အသင်းက (၅၂%)၊ အာဆင်နယ်အသင်းက (၄၈%)ရှိနေသည်။ထူးခြားသည်မှာ ပထမအကျော့က စပိန်မြေတွင် (၃-၃)ဂိုးဖြင့် သရေကျခဲ့သည့် မန်စီးတီးအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့၏ ဆီမီးဖိုင်နယ်အခွင့်အရေးမှာများစွာကွာဟနေခြင်းဖြစ်သည်။Opta က ဒုတိယအကျော့တွင် အိမ်ရှင်အဖြစ်ပြန်ကစားရမည့် မန်စီးတီးအသင်းကို (၆၄%)အထိ သတ်မှတ်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဘုရင်ဟုခေါ်ဆိုရမည့် ချန်ပီယံဆု(၁၄)ကြိမ်ရ အအောင်မြင်ဆုံးရီးရဲလ်မက်ဒရစ်အသင်းကို (၃၆%)သာ သတ်မှတ်ထားခြင်းဖြစ်သည်။သို့ဖြစ်ရာ ယင်းဖြစ်နိုင်ခြေရာခိုင်နှုန်းများ မည်မျှမှန်ကန်မည်ဆိုသည်ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲများတွင် အဖြေရှာရမည်ဖြစ်သည်။

image