25 w - Translate

ပရီးမီးယားလိဂ်မှာ ရင်ဆိုင်သမျှအသင်းတိုင်းကိုဂိုးသွင်းထားနိုင်တဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်း

ပြီးခဲ့သည့် (၂၀၂၂-၂၃) ဘောလုံးရာသီက မန်စီးတီးအသင်းကို ရောက်ရှိလာသော နော်ဝေတိုက်စစ်မှူး အဲလင်း ဟာလန်းအနေဖြင့် ပရီးမီးယားလိဂ်တွင်(ယမန်နှစ်ရာသီက တန်းဆင်း ၃သင်းအပါအဝင်) အသင်းစုစုပေါင်း(၂၂)သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ဖူးသည်။ဟာလန်းသည် သူရင်ဆိုင်ခဲ့သော အသင်း(၂၂)သင်းစလုံးအား အိမ်ကွင်း(သို့မဟုတ်)အဝေးကွင်း(သို့မဟုတ်)နှစ်ကျော့စလုံးတွင် ဂိုးသွင်းနိုင်ခဲ့ရာ ပရီးမီးယားလိဂ်တွင် ရင်ဆိုင်သမျှအသင်းတိုင်းကို ဂိုးသွင်းထားနိုင်သည့် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။အသက်(၂၃)နှစ်အရွယ် မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ လူတန်တောင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည်ပွဲတွင် ပယ်နယ်တီမှတစ်ဆင့်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် သူရင်ဆိုင်ခဲ့သော ပရီးမီးယားလိဂ်အသင်း(၂၂)သင်းစလုံးကို ဂိုးသွင်းနိုင်သည့်မှတ်တမ်းအား ရရှိခဲ့ခြင်းလည်းဖြစ်သည်။လူတန်တောင်းအသင်းနှင့် ကစားခဲ့သော ပထမအကျော့ပွဲတွင်မန်စီးတီးအသင်းက (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့ရာ၌ ဟာလန်းမှာ ဒဏ်ရာကြောင့်ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေ။ယင်းအသင်းများထဲတွင် ဟာလန်း ဂိုးအများဆုံးသွင်းခဲ့သည့် အသင်းများမှာ မြိုခံပြိုင်ဘက် မန်ယူနိုက်တက်နှင့် ဖူလ်ဟမ်အသင်းတို့ဖြစ်ပြီး ပရီးမီးယားလိဂ်(၅)ဂိုးစီ သွင်းခဲ့ခြင်းဖြစ်သည်။

image