ယခုရက်ပိုင်း လမ်းပေါ်မှာ YBS ကားအစီးရေ နည်းလာရခြင်း အကြောင်းအရင်း
YBS ကားဆရာကြီးတဦးမှ အပြုသဘောနဲ့ ပြောပြတင်ပြခြင်း ဖြစ်ပါတယ်။ အမှားပါရင် ခွင့်လွတ်ပါ။
ရန်ကုန်မြို့မှာ အဓိကအားထားပြီး သွားလာနေကြတာကYBS တွေပါ။ အလုပ်သွားအလုပ်ပြန် ကျောင်းသွားကျောင်ပြန် နေ့စဉ် မဖြစ်မနေ ပြေးဆွဲနေကြရတဲ့ မော်တော်ယာဉ်တွေ အခုရက်ပိုင်း အရမ်းအခက်အခဲကြုံတွေ့နေရတာကတော့ CNG Gas တွေပါပဲ။ ဆီကားတွေဆို ဆီကို ဆိုင်ပေါင်းစုံမှာ ဝယ်ယူလို့ရနိုင်ပေမယ့် CNG Gas ကတော့ အစိုးရက ရောင်းချပေးတဲ့ သဘာဝဓာတ်ငွေ့ဆိုင်မှာဘဲ တန်းစီဝယ်ယူရပါတယ် ကြုံရာလမ်းဘေးဆိုင် မရှိပါဘူး။
ခရီးသွားတွေ မြင်တွေ့နေရတဲ့အတိုင်း ကားတစ်စီးနဲ့တစ်စီး စောင့်ရတဲ့ကြာချိန်တွေဟာ Gas တန်းစီရင်း အချိန်ကုန်နေကြလို့ပါ။ ဓာတ်ငွေမရှိလို့လည်း မဟုတ်ပါဘူး။ ဆိုင်ရှားပါးတာလည်းမဟုတ်ပါဘူး။ အဓိက ပြဿနာက မီးပါ။ CNG Gas ထည့်ဖို့ လျှပ်စစ်မီးလိုပါတယ်။ မီးပျက်တဲ့အတွက်ကြောင့် CNG Gas မပေးနိုင်လို့ ဆိုင်တွေမှာ ကားတွေပုံပြီး လမ်းမပေါ် ကားပျောက်နေတာပါ။
ဒါဆို မီးစက်မောင်းပြီး ပေးပေါ့လို့ ပြောပါလိမ့်မယ်။ ဟုတ်ကဲ့ ဆိုင်တိုင်းလိုလိုမှာ မီးစက်ရှိပါတယ်။ အဲဒီမီးစက်ဆိုတာကလည်း ဒီဇယ်တွေနဲ့ မောင်းစရာမလိုဘဲ CNG Gas နဲ့မောင်းလို့ရတဲ့မီးစက်အကြီးကြီးတွေပါ။ ဒါဆိုလည်း စက်မောင်းပြီးပေးလို့ ရတယ်ပြောပါလိမ့်မယ်။ ဟုတ်ကဲ့ စက်ကတော့ရှိပါတယ် မမောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ၅ ဆိုင်မှာ ၃ ဆိုင်လောက်ကမီးစက်ပျက်နေကြပါတယ်တဲ့။ ဒါကြောင့် မီးလာတဲ့ဆိုင်တွေ မီးစက်ကောင်းကောင်းရှိတဲ့ဆိုင်တွေမှာ ကားတွေလာပုံနေပြီး CNG တခါရဖို့ အချိန်ကြာမြင့်စွာ စောင့်ထည့်ရတာပါ။
ယနေ့မနက် ၁၀ နာရီက စတင်တန်းစီတာ ညနေ ၄ နာရီခွဲမှ Gas ရရှိပါတယ်။ သို့ဖြစ်ပါ၍ အထက်ပါအခက်အခဲတွေကို ကျော်လွားနိုင်စေဖို့ ဆိုင်တိုင်းမီးစက်ကလေးတွေ ကောင်းလာစေချင်ပါတယ်။ သဘာဝဓာတ်ငွေဝန်ကြီးဌာနနှင့် YRTA လူကြီးမင်းတို့အနေဖြင့် ခရီးသွားပြည်သူများ သွားရေးလာရေးအဆင်ပြေစေနိုင်ဖို့ စဉ်းစားလုပ်ဆောင်ပေးစေချင်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။
#ybs
#cng