အမေရိကန်တွင် စက်ရုပ်ကားများကို စုံစမ်းစစ်ဆေးမည်
------------------------
General Motors ထုတ် Cruise စက်ရုပ်ကားတွေကို အမေရိကန် မော်တော်ကားဘေးကင်းရေး ထိန်းကျောင်းမှုက စုံစမ်းစစ်ဆေးတော့မှာဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက အလို အလျောက်မောင်းနှင်တဲ့စနစ် တပ်ဆင်ထားတဲ့ယာဉ်တွေက လမ်းသွားလမ်း လာတွေကို တိုက်ခိုက်မိတာကြောင့် မော်တော်ကားဘေးကင်းရေး ထိန်းကျောင်းမှုက ပဏာမအကဲဖြတ်မှုကို ဖွင့် လှစ်ခဲ့ပေမဲ့ နောက်ထပ် အရေးယူတာ မပြုဘဲ ပဏာမ စုံစမ်းစစ်ဆေးမှုကို ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။
စက်ရုပ်ကားတွေဟာ လူကူးမျဉ်းကြားက လမ်းသွားလမ်းလာတွေကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အရေးယူမှုတွေလည်း မကြာခဏ ဆောင်ရွက်နေရတာပါ။ အဲဒါကြောင့် General Motors ရဲ့ Cruise စက်ရုပ်ကား တွေကို ကြိုတင်စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်မှာဖြစ်တယ်လို့ အမေရိကန် မော်တော်ကား ဘေးကင်းရေး ထိန်းကျောင်းမှုက ပြောပါတယ်။