Cowboy Bebop: The Movie (2001)
Cowboy Bepop ဆိုတဲ့ Anime ကတော့ "Old but Gold" တွေထဲကတခုအပါအဝင်ဘဲဖြစ်ပါတယ်
Bepop ကတော့ ရဲတွေစုံထောက်တွေနဲ့မဟုတ်ဘဲကြေးစားမုဆိုးတွေဖြစ်တဲ့ Spike, Jet, Faye နဲ့ Edward ဆိုတဲ့ Hacker လေးအပြင် သူတိုရဲ့ခွေးလေး Ein ပါ ပါဝင်တဲ့ ကြေးစားမုဆိုးအဖွဲတစ်ခုဘဲဖြစ်ပါတယ်
ဒီ Movie မထွက်ခင် Serie အရင်ထွက်ခဲ့ပြီးပြီဖြစ်တဲ့အတွက် serie ကို လည်းမလွတ်တမ်းကြည့်စေလိုပါတယ် ဆိုတော့ ဇာတ်လမ်းလေးကိုစရအောင်
Faye တစ်ယောက် Ed အကူအညီနဲ့ ပစ်မှတ်တစ်ခုကို Mars ဂြိုလ်ပေါ်မှာနောက်ယောက်ခံလိုက်နေတုန်း
သူလိုက်နေတဲ့ လူ စီးလာတဲ့ ဆီသယ်ယာဉ်ကရုတ်တရပ်ဆိုသလိုပေါက်ကွဲသွားခဲ့တယ်
ပေါက်ကွဲသွားခဲ့တဲ့ ဆီသယ်ယာဉ်ထဲကနေ အကျိုးဆက်အနေနဲ့ အဆိပ်ငွေ့တွေထွက်လာခဲ့ပါတယ်
ထွက်လာတဲ့အဆိပ်ငွေ့တွေက Virus ဆိုပြီးတော့ သတင်းဌာနတွေကနေကြေညာလိုက်ပြီးမှာတော့ Spike တစ်ယောက် စတင်စုံစမ်းပါပြီ...ရှေ့ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှု့စေချင်ပါတယ်ဗျ။