ဆာလက် လီဗာပူးလ်မှာဆက်ရှိနေဖို့ ကလော့ပ်မျှော်လင့်

ဇန်နဝါရီ ၁၆

လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်က ဆာလက်ဟာ အသင်းနဲ့ စာချုပ်သစ် သဘောတူညီမှုရရှိပြီး အန်ဖီးလ်မှာ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ကလော့ပ်က “ကျနော်ကတော့ လီဗာပူးလ်မှာ ဆာလက် ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ သူဟာ အလွန် ကောင်းမွန်တဲ့ ကစားသမားတစ်ဦးနဲ့ အလွန်ကောင်းမွန်တဲ့ လူတစ်ဦးပါ။ ပြီးတော့ သူဟာ နိုင်ငံအတွက်လည်း အကောင်းဆုံး သံတမန်ပါ။ ဒါကြောင့် လီဗာပူးလ်အသင်းမှာ သူဆက်ရှိနေဖို့ ကျနော်မျှော်လင့်တယ်”လို့ ပြောခဲ့ တာပါ။

လီဗာပူးလ်အသင်းနဲ့ ဆာလက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။

ဆာလက်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် သဘောတူညီမှု မရရှိသေးတာကြောင့် ရာသီအကုန်မှာ ထွက်ခွာ ဖွယ်ရှိနေပြီး သူကိုယ်တိုင်ကလည်း ဒီရာသီဟာ သူ့ရဲ့လီဗာပူးလ်အသင်း ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်နိုင်တယ်လို့ ပြောထားတာပါ။

ဆာလက်ဟာ အခုအပြောင်းအရွှေ့မှာ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ပြီး စာချုပ်အကြို ချုပ်လို့ရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက် ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီးအကဲအဖြစ် တာဝန်ယူနေတဲ့ ကလော့ပ်က ဆာလက်ကို အသင်းဟောင်းမှာ ဆက်ပြီးရှိစေချင်နေတာပါ။

ဒါအပြင် ကလော့ပ်က ဆာလက်နဲ့အတူ ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဗန်ဒိုက်နဲ့ အာနိုးလ်တို့ကိုလည်း သူ့ရဲ့အမြင်အရဆိုရင် စာချုပ်သက်တမ်းတိုးမယ်လို့ ပြောခဲ့ပါတယ်။

ကလော့ပ်ဟာ ရက်ဘူးလ်ဘောလုံးအစုအဖွဲ့မှာ အကြီးအကဲအဖြစ် တာဝန်ယူနေပေမယ့် ဒီအသင်းတွေကို နည်းပြအဖြစ် တာဝန်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ရက်ဘူးလ်အသင်းတွေမှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်း ပါဝင်တာကြောင့် ကလော့ပ်ဟာ ဒီတာဝန်ကို ယူချိန်မှာ သူ့ရဲ့ ဂျာမန်အသင်းဟောင်းတွေဖြစ်တဲ့ ဒေါ့မွန်နဲ့ မိန့်ဇ်အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

Source: besoccer

ပုံ - ဆာလက်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image