ပဲပြားအစာသွတ် အိမ်မှာအပြင်းပြေလုပ်စားကြမယ် 😋
အကုန်ကျလည်းသက်သာ သန့်သန့်ရှင်းရှင်းလည်းစားရ
လုပ်ရတာလည်း လွယ်ကူ လုပ်ချိန်
- ပြုလုပ်နည်း -
ပဲပြားတစ်တွဲ
ပဲပြားလေးတွေကို ပုံပါအတိုင်း ပိုင်းပြီးကျော်ပါ ။
သခွားသီး ခြစ်ထားပါ ။
ဂေါ်ဖီပါးပါးခြစ်ထားပါ ။
ရှောက်ရွက်ပါးပါးလှီးမယ် ။
ငြုပ်သီးစိမ်းလှီးမယ် ။
ငံပြာရည် ၊ ဟင်းခါတ်မှုန့်
သံပုရာသီးညစ်ထည့်ပါ ။ ပြီးရင် သမအောင်နယ်ပါမယ် ။
ပုဇွန်ခြောက်မှုန့်ပါထည့် ။ (ကြိုက်ရင်)
ပြီးရင် အစာကို ပဲပြားထဲထည့်လို့ရပါပြီး ။
ကြက်သွန်ကြော် ဆီချက်လေးဖြန်ပါ ။
အချည်ရည်ငံပြာရည်ဖြန်းပြီးစားနိုင်ပါပြီး ။
ဘာလိုသေးလဲ ခုချိန်စားရလို့ကတော့ အရမ်းကောင်းနေပါပြီး ။
လုပ်စားကြည့်ကြနော် 😍
#မြိန်မြိန်