25 w - Translate

ချဲလ်ဆီးအသင်းဟာ FFP စည်းမျဉ်းကို
ရှောင်ရှားဖို့အတွက် လက်တစ်လုံးခြား
လုပ်ကွက်တစ်ခုကို ပြသခဲ့ပါတယ်။

ချဲလ်ဆီးပိုင် ဟော်တယ်တစ်ခုကို
BlueCo 22 လို့ နာမည်ရတဲ့
ကုမပ္ဏီတစ်ခုဆီကို ပေါင် (၇၆.၃)သန်းနဲ့
ရောင်းချခဲ့တာပါ။

ကစားသမားရောင်းတဲ့ပိုက်ဆံနဲ့ဆိုရင်
FFP ငြိတော့မယ့် အနေအထားမှာ
အခုလိုမျိုး ဟော်တယ်ရောင်းရငွေပါ
ပေါင်းထည့်နိုင်ခဲ့တဲ့အတွက်
ချဲလ်ဆီးဟာ စည်းမျဉ်းနဲ့လွတ်သွားပါပြီ။

ပိုပြီး အံ့အားသင့်ဖို့ကောင်းတာက
BlueCo 22 ဆိုတဲ့ ကုမ္ပဏီကလည်း
ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေပဲ
ပိုင်တာလို့ သိရပါတယ်။

ကိုယ်ပိုင်တဲ့ ဟော်တယ်ကို
ကိုယ်ပိုင်တဲ့ ကုမ္ပဏီကိုပဲ
ပြန်ရောင်းချပြီး၊ နှစ်ပေါက်တစ်ပေါက်
ရိုက်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ကလည်း
ဒီလို လုပ်တာဟာ တရားဝင်တယ်လို့
အသိအမှတ်ပြုခဲ့ပါတယ်။

အခုဆိုရင် သူများအသင်းတွေ
FFP ကြောင့် အမှတ်တွေ လျှော့တာမျိုး
ကြုံရနိုင်ပေမဲ့ (၁)ဘီလျံဖိုး
လူဝယ်ထားတဲ့ ချဲလ်ဆီးဟာ
လုံးဝ FFP မငြိနိုင်တော့ပါဘူး။

ကိုယ့်ဟော်တယ် ကိုယ်ပြန်ဝယ်အကွက်နဲ့
လက်တစ်လုံးတခြား လုပ်ပြနိုင်ခဲ့လို့ပါပဲ။

image