25 w - Translate

🔥🔥🔥အပိုဆုကြေး ဒေါ်လာ ၆သိန်းရသွားတဲ့ ဟောလိုးဝေး
ဟောလိုးဝေးကတော့ လိုက်ဝိတ်တန်းကိုတက်ပြီး ပွဲကြမ်းပြလိုက်ပြီ။ တော်တော်များများက ဟောလိုးဝေးကို အထင်သေးထားတယ်။ ဂေ့ဂျီဘက်က နေတဲ့သူများတယ်။
ဒီပွဲမှာ ဟောလိုးဝေးရဲ့ ဇကိုလဲ အထင်ကြီးမိတယ်။ ပွဲပြီးဖို့ ၁၀စက္ကန့်အလိုမှာ သံဇကာအလယ်မှာ ပြိုင်ထိုးမယ်လို့ စိန်ခေါ်ပြီး သူတင်ကိုယ်တင်ဗျင်းတာပါ။ အဲ့တာကဟောလိုးဝေးအတွက် အန္တရာယ်ရှိတယ်။ ဘာလို့လဲဆိုတော့ အမှတ်နဲ့ဆိုလဲ ဟောလိုးဝေးက နိုင်နေပြီ။ အဲ့တာကို ပရိတ်သတ်အကြိုက် ပြိုင်ထိုးပြလိုက်တာပါ။ ဂေ့ဂျီမှာ အလဲထိုးပါဝါ သိပ်မကျန်တော့ဘူးဆိုပေမဲ့ မတော်လို့ မေးရိုးတည့်တည့်မိသွားရင် ဟောလိုးဝေးလဲ ကျမှာပဲ။
ဒီပွဲမှာ ဟောလိုးဝေးက အပိုဆုကြေး ဒေါ်လာ ၆၀၀၀၀၀ ရသွားတယ်။ Fight Of The Night က ဒေါ်လာ ၃၀၀၀၀၀ Performance Of The Night က ဒေါ်လာ ၃၀၀၀၀၀ စုစုပေါင်း အပိုဆုကြေး ဒေါ်လာ ၆၀၀၀၀၀ ရသွားတာပါ။ ဒီဆု ၂ခုစလုံးက ဟောလိုးဝေးအတွက် ထိုက်တန်ပါတယ်ဗျာ။
KZH(စိတ်ဓာတ်)
#ufc-300
#mmamyanmar
#ilovemartialarts
Photo Credit - Rightful Owner
Credit to MMA Myanmar

image