25 w - Translate

ချစ်ရမယ့်သူ မရှိသေးဘူးဆိုရင် အခုချိန်မှာ သင်ဟာ အချစ်စစ်ရော Right Person ရော မတွေ့ သေးဘူးဆိုရင် - • အလုပ်ကြိုးစားပါ။
• ပိုက်ဆံရှာပါ။ • လေ့လာသင်ယူနေပါ။
• ကျန်းမာရေး ဂရုစိုက်ပါ။ • တစ်ကိုယ်တော်ဘဝကို ပျော်အောင်နေပါ။

၁။ အလုပ်ကြိုးစားပါ (Work Hard)

စိတ်တွေ လေလွင့်နေတာကို လျှော့ချပြီး အလုပ်တွေ အများကြီး ကြိုးစားသင့်တယ် ။ ကိုယ်ချစ်တဲ့ အလုပ်မျိုး လုပ်နိုင်ရင် ပိုကောင်းတာပေါ့ ။ ပင်ပန်းတဲ့အလုပ်တစ်ခုရှိတာက စိတ်ပျက်စရာ မကောင်းဘူး ။ ဘာမှလုပ်စရာမရှိတာကမှ စိတ်ပျက်စရာ ကြောက်စရာ ကောင်းတာပါ ။ ဒီတော့ အလုပ်လုပ်ပါ ။ လုပ်စရာ အလုပ်ရှိတာကို ဂုဏ်ယူ သင့်တယ် ။

၂။ ပိုက်ဆံရှာပါ (Make Money)

အလုပ်ကြိုးစားပြီး ပိုက်ဆံရှာပါ ။ စုပါ ။ အသုံးနဲ့ အဖြုန်း ကွဲအောင် လုပ်ပါ ။ ရှာနိုင်သလောက် မသုံးနဲ့ ။ မဖြုန်းနဲ့ ။ Need or Want ခွဲခြားပြီးမှ သုံးတာ ပိုကောင်းတယ် ။ လူငယ်တွေအတွက် ပိုက်ဆံသည် motivation တစ်ခုပါပဲ ။

၃။ လေ့လာသင်ယူပါ (Lifelong Learning)

သင်ယူခြင်းကို ဘယ်တော့မှ ရပ်တန့်လိုက်လို့ မရဘူးနော် ။ အမြဲတစေ လေ့လာနေရမယ် ။ Update လုပ်နေရမယ် ။ တစ်ခုခုတော့ အမြဲသင်ယူလေ့လာနေဖို့ လိုပါမယ် ။ ဒါမှ ကိုယ်ဟာ သူများထက် နောက်ကျ မကျန်ခဲ့မယ် ။

၄။ ကျန်းမာရေးဂရုစိုက်ပါ (Take good care of your health)

သင်ဟာ ကျန်းမာရေးကောင်းတယ်ဆို ကံကောင်းတဲ့ လူ တစ်ဦးပါပဲ ။ ငယ်ရွယ်တုန်း သေချာဂရုစိုက်ပါ။ စားသင့်တာစား သောက်သင့်တာသောက်ပါ ။ ဘရိတ် ရှိရမယ် ။ Limit ရှိရမယ် ။ စိတ်ကို သိပ်ပြီး အလိုမလိုက်ရဘူး ။ မိန်းကလေးဆို အဆီအဆိမ့်များတဲ့အစာ လျှော့စားမယ် ။ ယောက်ျားလေးတွေဆိုရင် ကွမ်း ၊ ဆေးလိပ် ၊ ဘီယာ လျှော့သောက်မယ် ။

၅ ။ တစ်ကိုယ်တော်ဘဝကို ပျော်အောင်နေပါ
(Enjoy your single life)

Single life ဟာ ဘယ်လောက်တောင်ပျော်စရာကောင်းလဲ ဆိုတာကို အပြည့်အဝ ခံစားသွားပါ ။ အိပ်ချင်တဲ့အခါ အိပ်လိုက်မယ် ။ သဘောကျချင်တဲ့သူကို သဘောကျမယ် ။ တခြားသူရဲ့ စိတ်ခံစားချက်တွေ ထည့်တွက်စရာမလိုဘူး ။ ကိုယ့်ကို စိတ်ဆိုးစိတ်ကောက်မှာကို ကြောက်နေစရာ မလိုဘူး ။ လွတ်လပ်ပေါ့ပါးတယ် ။ တစ်ယောက်တည်းဘဝကို အေးချမ်းစွာ ဖြတ်သန်းကြည့်ပါ ။

အချုပ်အားဖြင့် ပြန်ဆိုရရင် တစ်ယောက်တည်း နေလို့ နည်းနည်းအထီးကျန်တာကလွဲပြီး ကျန်တာ အရာအားလုံး အဆင်ပြေပါတယ် ။ မှားယွင်းတဲ့ လက်တွဲဖော်နဲ့ အတူရှိနေလို့ တစ်ဘဝလုံး သေဆုံးနေရတဲ့လူတွေလည်း အများအပြားပါပဲ ။ ရှင်လျက်နဲ့ သေနေတာမျိုး။

မကောင်းတဲ့ ဘဝလက်တွဲဖော်နဲ့ အချိန်ဖြုန်းဖို့ ဘဝက အင်မတန်မှ တိုတောင်းလွန်းပါတယ် ။ အချစ်က တစ်ဘဝစာ နာကျင်ဖို့ မဟုတ် ။ အချစ်က တစ်ဘဝစာ ပျော်ရွှင်ဖို့ အေးအတူ ပူအမျှ ခံစားဖို့သာ ဖြစ်တယ်။

လောစရာမှမလိုပဲ ။ Time and Someone's love are just right ဆိုတဲ့ စကားအတိုင်း အချိန်တွေရော အချစ်တွေပါ ထပ်တူကျသွားတဲ့တစ်နေ့ ရှိလာလိမ့်မယ် ။ ဖူးစာပါရင် ဆုံကို ဆုံရလိမ့်မယ် ။

#စိတ်အကြည်ဓာတ်ရရှိပါစေ

image