25 w - Translate

လတ်တလောမှာ တရုတ်နိုင်ငံထုတ်
EV ကားတွေ... ဥရောပ ရှိ Distribution
ကြားခံဆိပ်ကမ်းတွေ ဖြစ်တဲ့
Antwerp Bruges နဲ့ Bremenhaven မှာ
တောင်ပုံရာပုံ ဖြစ်နေပါတယ်...
တရုတ်နိုင်ငံ ကားထုတ်လုပ်သူနဲ့
ဆိပ်ကမ်းတွေကို ကားရပ်နားစခန်းလို
ဖြန့်ဖြူးသူတွေက သုံးနေကြတယ်လို့
ဆိုပါတယ်...
EV ကားစျေးကွက် လိုအပ်ချက်ထက်
ပိုထုတ်ပြီး...ဥရောပ စျေးကွက်ကို
အတင်း တွန်းပို့ခဲ့တာက တစ်ကြောင်း...
တနည်းပြောရရင်..
တရုတ်နိုင်ငံထုတ် EV ကားတွေ
မှန်းထားသလောက် စျေးကွက်မှာ
မရောင်းရဘဲ ဝယ်လိုအားနည်းသွားတဲ့
အတွက်ကြောင့် တစ်ကြောင်း...
BYD, SAIC, Great Wall Motors နဲ့
Cherry ကားကုမ္ပဏီ တွေက ...
EV ကားတွေ မဟားတရားထုတ်ပြီး
စျေးကွက်အတင်းချဲ့တဲ့ အုပ်စုမှ
ထိပ်ဆုံးမှာ ရှိနေတယ်လို့ ဆိုပါတယ်...
နောက်ထပ် အခက်အခဲ ကတော့
ဆိပ်ကမ်းရောက်ပြီး သက်ဆိုင်ရာ
EV ကားစျေးကွက် ရှိရာ ကို ပို့ဖို့
Truck ကား မရှိတာ တွေ...
ကား ရှိပြန်လည်း ယာဥ်မောင်းမရှိ ...
ပြသနာ​တွေနဲ့ ရင်ဆိုင်ရတာက တစ်ကြောင်း၊
စသည့် အကြောင်းမိား ကြောင့် EVကားတွေ
ဆိပ်ကမ်းမှာ ကားရပ်နားစခန်းလို ပုံသွား
ခြင်းဖြစ်ပါတယ်...
TESLA ကလည်း၊ သူ့ EV ကားတွေ သယ်ဖို့
အတွက် Truck ကားတွေ ကြိုတင်မှာပြီး
ပိတ်ထားတဲ့ အတွက် ကားအငှားစျေးကွက်
မှာ Truck ကားတွေ နည်းနေခြင်းလည်း
တစ်ခု ပါနေပါတယ်...
တရုတ်နိုင်ငံ EV ကားထုတ်လုပ်သူများ
ကတော့ Logistics ကို ကြိုမပြင်ဘဲ...
ကားတွေ တင်ပို့ရန်သာ ဦးစားပေးခဲ့
ကြတယ်လို့ ဝေဖန်နေကြပါတယ်...
အရင်းစစ်လိုက်တော့
ဥရောပ ထိပ်တန်း ကားဖြန့်ဖြူးရေး
ဆိပ်ကမ်းတွေမှာ...ကား အသစ်တွေ
ထပ် လက်ခံဖို့တောင် နေရာ အခက်အခဲ
ရှိလာနိုင်ပါတယ်...
Credit
https://theloadstar.com/vehicl....e-imports-clogging-u
photo Courtesy

image