25 w - Translate

Karma is waiting for you.

ဝဋ်ကလည်း နင့်ကိုစောင့်နေတယ်။
ကျွန်တော်ကတော့ ဝဋ်ကို ယုံတယ်။
ဒါပေမယ့် အခြေအနေတစ်ခုရှိတယ်။
ကျွန်တော့်အတွက် ဝဋ်ကလည်း တကယ်မှန်တယ်။

ကိုယ်က သူများကို ကောင်းတာလုပ်ပေးလိုက်ရင်
အဲ့ကောင်းတဲ့အတိုင်း ကိုယ့်ဆီပြန်လာတာ ၊ သူများကို
မကောင်းတာတစ်ခုခုလုပ်တာ ၊မကောင်းတာ တစ်ခုခု ပြောလိုက်ရင်တောင် အဲ့အတိုင်း ကိုယ်ကဖြစ်လာတာပဲ။

ဒါတောင် ဆိုးဆိုးဝါးဝါးဘာမှလုပ်တာ မဖြစ်ဘူးနော်
မတရားဖြစ်သဖြင့် လုပ်တာလည်းတစ်ခုမှမရှိဘူးနော်

“သူများကို အရမ်းမပြောရဘူးလေ ၊ဝဋ်လည်လိမ့်မယ်”ဆိုတဲ့စကားတစ်ခုရှိတယ်။ သူကမှားနေတာဆိုရင်တောင် ကိုယ်နဲ့မဆိုင်ဘဲ အရမ်းမပုတ်ခတ်ရဘူး၊အပြစ်မပြောရဘူးဆိုတာမျိုးပေါ့ ။

ဥပမာ - သူကအရမ်းဝနေတယ်၊ အသားမဲတယ်ဆို
နင်က အရမ်းဝလိုက်တာ၊သူကအသားမဲလိုက်တာ၊
နင့်မျက်နှာကြီးကဖောနေတာပဲလို့ ပြောလိုက်မိရင်ကို
တကယ်သိပ်မကြာခင်ဘဲ ကိုယ်ပဲ ဝပြီး အသားတွေမဲလာသလိုမျိုး ။

ဒါတင်မဟုတ်ဘူး တစ်ယောက်ယောက်က သူတို့ဘဝမှာ အပြစ်တစ်ခုခုလုပ်မိပြီထား ၊အဲ့အပြစ်က ကိုယ့်ကိုမရိုက်ခတ်နေဘူးဆိုရင် လိုတာထက်ပိုပြီး အတင်းတုပ်မိတာ၊အချင်းချင်းအပြစ်ပြောမိတာဆို ကိုယ်ပါ တစ်ချိန်ဖြစ်လာတတ်တယ်။

ဥပမာ- နင်က ရည်းစားများလိုက်တာ၊မျက်နှာကိုများတယ် ( တော်ရုံပြောတာမဟုတ်ဘဲ ၊ဒါကြီးကိုကိုယ်နဲ့လည်းမဆိုင်ဘဲ အပြစ်လိုကိုပုတ်ခတ်ပြောခဲ့ရင်) တစ်ချိန်ကျ ကိုယ်ပါ မရည်ရွယ်ဘဲ ဘဝမှာရွေးချယ်ရခက်တဲ့အခြေအနေတွေ ဖြစ်လာတာ ၊ ကိုယ့်စိတ်ကပါ အဲ့လိုကျဉ်းထဲကျပ်ထဲရောက်ရတာမျိုး ဖြစ်တတ်တယ်။

သူများကို ငွေကြေးခက်ခဲအောင်လုပ်ရင်
ကိုယ်ပါငွေကြေးခက်ခဲလာတတ်တယ်၊
သူများကိုစိတ်ပင်ပန်းအောင်လုပ်မိရင်
ကိုယ်ပါစိတ်ပင်ပန်းလာတတ်တယ်
လူတိုင်းတော့အဲ့လောက်မြန်မြန် အကျိုးပြုလားမသိပေမယ့် ကိုယ့်အတွက်တော့ karmaကတကယ်ပဲ ။

နင်ကပျင်းလိုက်တာ ဘဝမှာကြိုးကြိုးစားစားကိုမရှိဘူးလို့သူများတွေကိုအပြစ်ပြောလိုက်ရင်ကိုယ်ပါ တစ်ချိန်ရောက်တော့ ဘဝမှာ လမ်းပျောက်လာသလိုမျိုးပဲ။

“သူများကို အရမ်းမပြောရဘူးလေ”ဆိုတဲ့စကားကအခြေအနေတိုင်းမှာ သိပ်မှန်တာပဲ။ လူတွေက သိပ်အပြစ်ပြောတတ်ကြတယ်မဟုတ်လား သူများရဲ့ဘဝတွေကိုလေ ။

နည်းတူပဲ သူများကိုကောင်းတာလေးလုပ်ပေးရင်လည်းချက်ချင်းကောင်းတာလေးတွေပြန်ဖြစ်လာတာ
ငွေကြေးဆိုင်ရာကူညီပေးရင် ကိုယ်လည်းတစ်ဖက်က ငွေပြန်ဝင်လာတာ၊ အစားအသောက်ကျွေးရင် ကိုယ့်ကိုလည်း အစားသောက်ကျွေးတဲ့လူရှိလာတာ(ကိုယ်ဆိုယုံလားတော့မသိဘူး ဘာလေးစားချင်လိုက်တာလို့ စိတ်ထဲမှာတွေးမိရင် နေရင်းထိုင်ရင်း တစ်နေရာရာကအလှူလုပ်လို့ဆိုပြီး အဲ့ကိုယ်စားချင်နေတဲ့ဟာကိုပဲမဆီမဆိုင် လာပို့သွားတာတို့၊ သူငယ်ချင်းက ဒါလေးချက်လို့ဆိုပြီး လာပို့တာတို့အမြဲတမ်းကြုံတယ်)

ကိုယ့်ရဲ့karmaကတော့မြန်သလားမမေးနဲ့
ကိုယ်ဘဝမှာတစ်ခုခု အထူးအဆန်းတွေပြောင်းလဲနေပြီဆို ပြန်တွေးကြည့်ရင် တစ်နေရာရာမှာသတိမထားမိဘဲ သူများကိုပြောဆိုခဲ့တဲ့အတိုင်းပြန်ဖြစ်နေတာပဲ

Karma is waiting for youပဲ
ကိုယ်ပြုသောကံ၊ကိုယ်ပြောသောစကား အားလုံးက
ကိုယ့်ဆီကို ပြန်လာမှာပဲ။
သူများကိုမကောင်းတာတွေပြောရင် ၊လုပ်ရင်
သင်လည်းမကောင်းတာတွေကြုံလာရမယ်၊
သူများကိုကောင်းတာတွေလုပ်ပေးရင် သင်လည်းကောင်းတာတွေကြုံရမယ်။

မှတ်ထားနော် ဘာတွေပဲဖြစ်နေနေ
သူများကို အရမ်းမပြောရဘူး