25 w - Translate

#မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကစပြီး
ပါချုပ်ဆရာတော်ဘုရားကြီး ရဲ့ ရက်(၁၀၀)
အဓိဌာန်ပုတီးစိပ်နည်း
အတူပူဇော်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်...🙏

🙏၁၇.၄.၂၀၂၄ မှ ၂၆.၄.၂၀၂၄ ထိ
(အရဟံ ဂုဏ်တော်)

🙏 ၂၇.၄.၂၀၂၄ မှ ၆.၅. ၂၀၂၄ ထိ
( သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်)

🙏 ၇.၅.၂၀၂၄ မှ၁၆.၅.၂၀၂၄ ထိ
(ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်)

🙏 ၁၇.၅.၂၀၂၄ မှ ၂၆.၅.၂၀၂၄ ထိ
( သုဂတော ဂုဏ်တော်)

🙏 ၂၇.၅.၂၀၂၄ မှ ၅.၆.၂၀၂၄ ထိ
(လောကဝိဒူ ဂုဏ်တော်)

🙏 ၆.၆.၂၀၂၄ မှ ၁၅.၆.၂၀၂၄ ထိ
(အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော်)

🙏 ၁၆.၆.၂၀၂၄ မှ ၂၅.၆.၂၀၂၄ ထိ
(သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်)

🙏 ၂၆.၆.၂၀၂၄ မှ ၅.၇.၂၀၂၄ ထိ
(ဗုဒ္ဓေါ ဂုဏ်တော်)

🙏 ၆.၇.၂၀၂၄ မှ ၁၅.၇.၂၀၂၄ ထိ
( ဘဂဝါ ဂုဏ်တော်)

🙏 ၁၆.၇.၂၀၂၄ မှ ၂၅.၇.၂၀၂၄ ထိ
(အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂေတာ
လောကဝိဒူ
အနုတ္တရောပုရိသ ဒမ္မသာရထိ
သတ္တာဒေဝ မနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ)

#တစ်ရက်လျှင် ပုတီး( ၁၀ )ပတ်စီ စိပ်ပါရန် 🙏
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

#ဘုရားဂုဏ်တော်၉ပါး (အနက်)

၁။ #အရဟံ
- ပူဇော် အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရား ။
ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား ။
ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ။

၂။ #သမ္မာသမ္ဗုဒ္ဓေါ
- သိမြင်စရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် မချွင်းမချန် သိမြင်တော်မူသော မြတ်စွာဘုရား ။

၃။ #ဝိဇ္ဇာစရဏသမ္ပန္နော
- ဝိဇ္ဇာတရား ( ၃) ပါး၊ ဝိဇ္ဇာ တရား (၈)ပါး၊ အကျင့်သီလ (၁၅)ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၄။ #သုဂေတာ
- ကောင်းသောစကား (မှန်ကန်၍ အကျိုးရှိသော စကား)ကိုသာ ပြောဆို တော်မူသော မြတ်စွာဘုရား ။

၅။ #လောကဝိဒူ
- လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား ။
(သတ္တလောက ၊ ဩကာသ လောက၊ သင်္ခါရ လောက)

၆။ #အနုတ္တရောပုရိသဒမ္မသာရထိ
- ဆုံးမထိုက်သော သတ္တဝါတို့ကို အတုမရှိ ဆုံးမတတ်တော်မူသော မြတ်စွာဘုရား ။

၇။ #သတ္ထာဒေဝမနုဿာနံ
- နတ် လူ တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား ။

၈။ #ဗုဒ္ဓေါ
- သစ္စာလေးပါးကို ကိုယ်တော်တိုင်သိတော်မူ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သော မြတ်စွာဘုရား ။

၉။ #ဘဂဝါ
- ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

🌹🙏🌹
#htp

မေတ္တာဖြင့် ပြန်လည်မျှဝေကုသိုလ်ယူပါသည်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် #credit ပေးပါတယ်ရှင်။

image