25 w - Translate

နွေပူပူနှင့်အပူရှပ်ခြင်း အန္တရာယ်‼️

အခုလိုပူပြင်းလှတဲ့ နွေရာသီမှာ လူကြီး/လူငယ် မရွေးအပူရှပ်ခြင်း အန္တရာယ်ကို မပေါ့ဆသင့်ပါဘူး...
အပူရှပ်ခြင်းဆိုတာ ခန္တာကိုယ်အပူရှိန် လွန်ကဲခြင်းမှဖြစ်ပေါ်လာသော ရောဂါဝေဒနာ တစ်ခုဖြစ်ပါတယ်။

အပူရှပ်ခြင်းကြောင့်......
*ခန္တာကိုယ်အပူချိန် (104'F)ထိမြင့်တက်လာခြင်း ။
*စိတ်အခြေအနေ ပြောင်းလဲလာခြင်း။(ဥပမာ-သတိလစ်မယ် ၊ တုန်လှုပ်ခြောက်ခြားပြီး စိတ်ထိန်းချုပ်ရခက်လာမယ်)
*ပျို့အန်ခြင်း ၊ ဗိုက်အောင့်ခြင်း ။
*ခန္တာကိုယ်အပူချိန် မြင့်မားပြီး အရေပြားနီမြန်းလာခြင်း ။
*ရုတ်တရက် ချွေးမထွက်ဘဲ ခြေဖျားလက်ဖျား အေးလာခြင်းတို့ ဖြစ်ပေါ်လာတက်ပါတယ် ။

အပူရှပ်ခြင်းမှ ကာကွယ်ရန်......
*လွတ်လပ်ပေါ့ပါးတဲ့ အရောင်နုနု အဝတ်အထည်များကို ဝတ်ဆင်ပါ ။
*အပြင်ထွက်လျှင်SPF 15အထက်ပါသော‌ နေလောင်ကာခရင်(မ်)လူးပါ ၊ ထီးဆောင်းပါ ။
*အရည်ဓာတ်များများ ဖြည့်တင်းပေးသော အသီးဖျော်ရည် ၊ ရေ သောက်သုံးပါ ။
*နေပူထဲမှပြန်လာလာခြင်း ရေခဲရေသောက်သုံးခြင်းမှ ရှောင်ကြဥ်ပါ ။
*အေးတဲ့နေရာကနေ ရုတ်တရက် နေပူထဲထွက်ခြင်းကို အထူးရှောင်ကြဉ်ပါ ။

image