လေဗာကူဆင်ပရိသတ်တွေအတွက်တော့ သူတို့ဘဝမှာ မေ့မရနိုင်စရာ နေ့ရက်ပါပဲ။ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါ ချန်ပီယံဖြစ်လာပြီးနောက် ကွင်းထဲဆင်းပြီး အောင်ပွဲခံကြတဲ့ လေဗာကူဆင် ပရိသတ်တွေရဲ့ မြင်ကွင်းပါ။
ဘွန်ဒက်စ်လီဂါမှာ ၁၁ နှစ်ဆက်တိုက် ဘိုင်ယန်မြူးနစ် ချန်ပီယံဖြစ်ခဲ့တာကို အဆုံးသတ်ပြီး ရှုံးပွဲမရှိမှတ်တမ်းနဲ့ (လက်ကျန် ၅ ပွဲအလိုမှာ) ချန်ပီယံ ဖြစ်ခဲ့တာပါ။



