နှစ်သစ်မှာ ကိုယ့်စိတ်ကို ပူလောင်စေတဲ့ အရာတွေကို ထားခဲ့။
လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သံယောဇဉ်တွေပဲဖြစ်ဖြစ်ပေါ့။
တဖြည်းဖြည်းနဲ့ အပူတွေများလာတဲ့ လောကကြီးမှာ
ဘာအတွက်များ ထပ်ပူနေကြရအုံးမှာလဲ။
ကိုယ့်စိတ်ကို အဆင်မပြေဖြစ်စေတဲ့ အရာတွေကို လွှတ်ချထားခဲ့။
ကိုယ့်စိတ်နဲ့ကိုယ် လွတ်လွတ်လပ်လပ် ပေါ့ပါးနေရမယ့် နှစ်ပါပဲ။
နှစ်ဟောင်းထက် ပိုပြီးပေါ့ပါးတဲ့ စိတ်ကို ဖမ်းဆုပ်ရမယ့် နှစ်ပါပဲ။
အဟောင်းတွေကို ထားခဲ့။
ဒဏ်ရာဟောင်းတွေကို ထားခဲ့။
စိတ်အို စိတ်ဟောင်းတွေကို ထားခဲ့။
ကိုယ့်စိတ်ကို အဆင်မပြေဖြစ်စေတဲ့ လူဟောင်းတွေကို ထားခဲ့။
နှစ်သစ်ကို စိတ်အသစ်တွေ သယ်ခဲ့ကြ။
ပျော်ရွှင်ခြင်းအသစ်တွေ သယ်ခဲ့ကြ။
ပေါ့ပါးခြင်း၊ လွတ်လပ်ခြင်းတွေကို သယ်ခဲ့ကြ။
ကောင်းသောစိတ်ထားလေးတွေလည်း သယ်ခဲ့ကြ။
