တစ်နှစ်မှာ တစ်လသာ စားရတဲ့ အဟာရဖြည့် အစားစာ ဂန်ဂျီ

ပိုက်ဆံ ဘယ်​လောက်ရှိရှိ စားချင်တဲ့ အချိန်မှာ ဝယ်စားလို့ ရတဲ့ အစားစာ မဟုတ်ပါဘူး အစ္စလမ့် ဘာသာဝင်​တွေရဲ့
ရမဇာန် ဥပုသ်လမှာသာ စားရတဲ့ အစားစာ ဖြစ်ပါတယ်။

ဗလီ​တော်​တော်များများမှာ စတုဒီတာ အ​နေနဲ့ ဥပုသ်သည်​တွေကို အဟာရဖြစ်​အောင် ကုသိုလ်ပြု​ကျွေး​မွေးတဲ့ အစားစာ ဖြစ်ပါတယ်။

အရသာက ​ပစ်ပစ်နှစ်နှစ်နဲ့ တော်​တော်​လေး ​စားလို့ကောင်းတယ် အနံ့က ​တော်​တော်​လေးကို Strong ဖြစ်တယ် အမဲသားစားတဲ့သူ​တွေ အတွက်ဆိုရင် အဆင်​ပြေတယ်။

၂/၃​​နေရာ​လောက်က ​ဂန်ဂျီတွေကို တစ်ခွက်စီ ​​ဘေးချင်းယှဥ်ချပြီး မြည်းစမ်းဖူးတဲ့ အ​တွေ့အကြုံအရ ပါဝင်ပစ္စည်း​တွေက အကုန်လုံး အတူတူဖြစ်နိုင်တယ် တစ်​နေရာနဲ့ တစ်​နေရာ ထည့်တဲ့ အချိုးအစား ကွာခြားချက်​ကြောင့် အရသာ အနည်ငယ်ကွဲတယ် အနံ့ အပြင်း/အ​ပျော့ ကွာတယ် ဒါ​ပေမဲ့ အကုန်လုံး စားလို့​ကောင်းတယ်။

အဟာရဖြည့်အစားစာ​တွေ ​တော်​တော်များများစားဖူးတယ် ဒါ​ပေမဲ့ ရယ်ဒီမိတ်​တွေ မပါဘူးလို့ ယူဆရတဲ့ ဒီအစားစာကို သ​ဘောကျတယ် ရလဒ် လုံးဝ​ကောင်းတယ် ကျွန်​တော်အတွက် သိသာတယ်။(၁၅ရက်နဲ့ ၆​ပေါင်​လောက်တက်လာတာ) 😅

ပြန်ချုပ်ရရင်

နာလန်ထ အဟာရဖြည့် အစားစာ​အ​နေနဲ့ စားသင့်တယ် ပုံမှန် လူ​တွေအတွက် အမဲသားစားတယ်ဆိုရင် တစ်ကြိမ်​လောက်​ Try ကြည့်သင့်တယ်လို့ မြင်တယ်။

ထပ်​ပြောပါမယ်

ဝယ်စားလို့ရတဲ့ အစားစာ မဟုတ်ပါဘူး တစ်နှစ်မှာ ဒီတစ်လပဲ စားရတဲ့ အစားစာဖြစ်ပါတယ်။

image