တစ်နှစ်မှာ တစ်လသာ စားရတဲ့ အဟာရဖြည့် အစားစာ ဂန်ဂျီ
ပိုက်ဆံ ဘယ်လောက်ရှိရှိ စားချင်တဲ့ အချိန်မှာ ဝယ်စားလို့ ရတဲ့ အစားစာ မဟုတ်ပါဘူး အစ္စလမ့် ဘာသာဝင်တွေရဲ့
ရမဇာန် ဥပုသ်လမှာသာ စားရတဲ့ အစားစာ ဖြစ်ပါတယ်။
ဗလီတော်တော်များများမှာ စတုဒီတာ အနေနဲ့ ဥပုသ်သည်တွေကို အဟာရဖြစ်အောင် ကုသိုလ်ပြုကျွေးမွေးတဲ့ အစားစာ ဖြစ်ပါတယ်။
အရသာက ပစ်ပစ်နှစ်နှစ်နဲ့ တော်တော်လေး စားလို့ကောင်းတယ် အနံ့က တော်တော်လေးကို Strong ဖြစ်တယ် အမဲသားစားတဲ့သူတွေ အတွက်ဆိုရင် အဆင်ပြေတယ်။
၂/၃နေရာလောက်က ဂန်ဂျီတွေကို တစ်ခွက်စီ ဘေးချင်းယှဥ်ချပြီး မြည်းစမ်းဖူးတဲ့ အတွေ့အကြုံအရ ပါဝင်ပစ္စည်းတွေက အကုန်လုံး အတူတူဖြစ်နိုင်တယ် တစ်နေရာနဲ့ တစ်နေရာ ထည့်တဲ့ အချိုးအစား ကွာခြားချက်ကြောင့် အရသာ အနည်ငယ်ကွဲတယ် အနံ့ အပြင်း/အပျော့ ကွာတယ် ဒါပေမဲ့ အကုန်လုံး စားလို့ကောင်းတယ်။
အဟာရဖြည့်အစားစာတွေ တော်တော်များများစားဖူးတယ် ဒါပေမဲ့ ရယ်ဒီမိတ်တွေ မပါဘူးလို့ ယူဆရတဲ့ ဒီအစားစာကို သဘောကျတယ် ရလဒ် လုံးဝကောင်းတယ် ကျွန်တော်အတွက် သိသာတယ်။(၁၅ရက်နဲ့ ၆ပေါင်လောက်တက်လာတာ) 😅
ပြန်ချုပ်ရရင်
နာလန်ထ အဟာရဖြည့် အစားစာအနေနဲ့ စားသင့်တယ် ပုံမှန် လူတွေအတွက် အမဲသားစားတယ်ဆိုရင် တစ်ကြိမ်လောက် Try ကြည့်သင့်တယ်လို့ မြင်တယ်။
ထပ်ပြောပါမယ်
ဝယ်စားလို့ရတဲ့ အစားစာ မဟုတ်ပါဘူး တစ်နှစ်မှာ ဒီတစ်လပဲ စားရတဲ့ အစားစာဖြစ်ပါတယ်။


