အဂ်လန်ပရီးမီးယားလိဂ်ထိပ်တန်းကလပ် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂျုဗင်တပ်အသင်းရဲ့ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်ကစားသမားဒေါက်ကလပ်လူးဝစ်ကိုဒီဇန်နဝါရီလအပြောင်းရွှေ့စျေးကွက်ကာလမှာအသင်းဆီခေါ်ယူအားဖြည့်နိုင်ဖို့ရှိနေတယ်လို့ အီတလီနာမည်ကြီးသတင်း ကယ်လ်ဆိုမက်ကာတိုသတင်းကဖော်ပြခဲ့ပါတယ်။
ဒေါက်ကလပ်စ်လူးဝစ်ရဲ့အေးဂျင့်ဖြစ်သူကီယာချူရပ်ဆီယန်ဟာ သူ့ရဲ့ကစားသမားဖြစ်တဲ့မန်ယူအသင်းတိုက်စစ်မှူး ဂျိုချူဝါဇာလ်ခီကိုဂျုဗင်တပ်အသင်းဆီ ပြောင်းရွှေ့လာဖို့အတွက်အလဲအထပ်ပြုလုပ်တာကိုရှေ့ဆက်လုပ်ဆောင်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ အဆိုပါသတင်းအရင်းအမြစ်ကဖွင့်ဟပါတယ်။
ဂျုဗင်တပ်အသင်းကိုယ်တိုင်အနေနဲ့လည်း ဂျိုချူဝါဇာလ်ခီကိုအသင်းဆီခေါ်ယူအားဖြည့်ချင်နေပြီး နည်းပြသီယာဂိုမော်တာအနေနဲ့လည်း ဘိုလော့နာအသင်းမှာတုန်းက လက်တွဲခဲ့ဖူးတာကြောင့်အကြောင်းကောင်းကောင်းသိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကာလတုန်းကလည်းဘိုလော့နာအသင်းကိုစီးရီးအေအမှတ်ပေးဇယားအဆင့် ၅ နေရာအထိရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲဝင်ခွင့်လက်မှတ်ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့လည်း အက်စတွန်ဗီလာအသင်းကိုပရီးမီးယားလိဂ်ပြိုင်ပွဲမှာအဆင့် ၄ နေရာရအောင်ကူညီပေးနိုင်ခဲ့တဲ့ ဒေါက်ကလပ်စ်လူးဝစ်ကို စိတ်ဝင်စားခဲ့တယ်လို့သတင်းထွက်ပေါ်ခဲ့ဖူးပြီး ဒီအပြောင်းအရွှေ့ဟာ ကစားသမားတွေအနေနဲ့လည်းဒီရာသီကာလအသင်းဆီပြောင်းရွှေ့လာပြီးနောက်ခြေစွမ်းမပြနိုင်တာကြောင့် ၂ဖက်စလုံးအတွက်အကျိုးရှိလာနိုင်ပါတယ်။
ဂျိုချူဝါဇာလ်ခီအနေနဲ့ကတော့ ဘိုလော့နာအသင်းကနေမန်ယူအသင်းဆီပြောင်းရွှေ့ကြေးပေါင် ၃၆.၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့ ပြိုင်ပွဲစုံ ၂၈ ပွဲကစားထားရာမှာ ၄ ဂိုးသွင်း ၂ ဂိုးသာဖန်တီးထားနိုင်ခဲ့ကာ နည်းပြရူဘင်အာမိုရင်လက်အောက်မှာအဓိကကစားသမားမဖြစ်သေးပါဘူး။
ဒေါက်ကလပ်စ်လူးဝစ်အနေနဲ့ကတော့ အက်စတွန်ဗီလာအသင်းကနေဂျုဗင်တပ်အသင်းဆီပြောင်းရွှေ့ကြေးပေါင် ၄၂.၃၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲသာပါဝင်ကစားခဲ့ရကာ စီးရီးအေလိဂ်မှာပွဲထွက်ကစားသမားအဖြစ် ၂ ပွဲသာပွဲထွက်ကစားခဲ့ရတာနဲ့အတူ ဂိုးဖန်တီးမှုရောသွင်းဂိုးပါရယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
