တကယ်ကို နားလည်ရခက်ပြီး
သီဖို့မလွယ်တဲ့ပန်းတစ်ပွင့်ဟာ ကိုယ်ပါပဲ ။
မြတ်နိုးရပါတယ် ဆိုတဲ့အရာတွေကို
လွှတ်ချခဲ့ပြီး နာကျင်ရပါတယ် ဆိုတဲ့
အရာတွေကိုမှ တွယ်ကပ်တယ် ။
ချစ်နေရင်းလဲ မုန်းနိုင်သလို
မုန်းနေရင်းနဲ့လဲ နမ်းနိုင်တယ် ။
ဘယ်သူ့ ဘယ်သူကိုမှ အချိန်အကြာကြီး မချစ်
ချင်သလို ဘယ်သူ့ ဘယ်သူနဲ့မှလဲ အချိန်ကြာကြာ
မပျော်မွေ့ တတ်ခဲ့ဘူး ။
အနားကနေ မထွက်သွားစေချင်ပေမဲ့
အတူတူလဲ ရှိမနေချင်ဘူး ။
ချစ်ခြင်းမေတ္တာကို လိုအပ်ပေမဲ့လဲ
ချစ်ခြင်းမေတ္တာနဲ့ အတူတူမနေနိုင်ပြန်ဘူး ။
နောက်ပြီး
ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတဲ့
မိန်းမတစ်ယောက်ဟာ သူ “ ပြုသမျှမနု “
နိုင်တဲ့လူတွေကိုလဲ မချစ်ချင်ပြန်ဘူး ။
#စာရယ်ကဗျာရယ်
#crd