ဆင်ဖြူ - ကျယ်ဂေါင် ဂိတ်ကနေ မူဆယ်ဘက်သယ်လာတဲ့ သေနတ်မိလို့ ပစ္စည်းစစ်ဆေးရေး ပိုတင်းကြပ်
ဇန်နဝါရီ ၁၁
မူဆယ် ဆင်ဖြူ - ကျယ်ဂေါင် ဂိတ် တရုတ်ဘက်ခြမ်း ကနေ မူဆယ်ဘက် ပစ္စည်းသယ်တဲ့ လူတွေဆီ က ဇန်နဝါရီလ ၉ ရက်နေ့က သေနတ်မိလို့ အခုရက်ပိုင်း ပစ္စည်း သယ်ယူရာမှာ စစ်ဆေးရေး ပိုတင်းကြပ်ထားတယ်လို့ နယ်စပ် ဒေသခံတွဆီက သိရပါတယ်။
"ပစ္စည်း အရမ်းစစ်လို့ အရမ်းကြာတယ်။ လမ်း လျှောက် ဝင်တာကို နောက်ကျရင် ကျယ်ဂေါင်ထဲ အိပ်ရတယ်။ ပစ္စည်းတွေကတော့ အခု တလော ပေး သယ်တယ်။ သေနတ် မိသွားတာက လမ်းလျှောက်ဝင်တဲ့ သူတွေ သယ်တဲ့ ပစ္စည်းမှာ ၉ ရက်နေ့က တွေ့ဝာာ" လို့နယ်စပ် ဒေသခံ အမိုးသမီး တယောက်က ပြောပါတယ်။
တရုတ်ဘက်က မြန်မာ ဘက်ခြမ်း သယ်လာတဲ့ ပစ္စည်း မှာ တွေ့တာလို့ သူက ပြောပါတယ်။
"တချို့က ပစ္စည်း သယ်တဲ့ လူတွေတောင် မသိဘူး။ ပစ္စည်းပေးတဲ့ လူတွေ ထည့်ပေးတာ။ အဲဒီ ပစ္စည်း ပိုင်ရှင်ကို မသိဘူးဆိုရင် ပစ္စည်း သယ်တဲ့ လူကတာ့ ဒုက္ခ ရောက်ပြီ။ အဲဒီလိုပဲ" လို့ ကျယ်ဂေါင်မှာ ဈေးရာင်းတဲ့ အမျိုးသမီးက ပြောပါတယ်။
လောဘကြီးတဲ့ သူ တယောက် နှစ်ယောက်ကြောင့် နယ်စပ်ကို အမှီပြုပြီး နေ့တိုင်း ဝင်ထွက် ပစ္စည်းသယ် အသက် မွေးဝမ်း ကျောင်း လုပ်နေတဲ့ သူတွေ အခက်အခဲ ဖြစ်ကြရတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကလည်း တရုတ်ဘက်ခြမ်းကနေ မြန်မာဘက်ခြမ်း သယ်လာတဲ့ ပစ္စည်းတွေမှာ သေနတ်တွ၊ စကားပြာစက်တွ မိဖူးသလို မြန်မာဘက်ခြမ်းကနလည်း တရုတ်ဘက် သယ်လာတဲ့ ဖိနပ်ထဲ မူးယစ်ဆးဝါး မိဖူးတာ မျိုးရှိတယ်လို့ နယ်စပ်ဒသခံတွက ပြောပါတယ်။
မူဆယ် နယ်စပ် ဒေသခံေတွကေတာ့ မြန်မာ ဘက်ခြမ်း မူဆယ် နဲ့ တရုတ်ဘက်ခြမ်း ကျယ်ဂေါင် အသွား အပြန် တနိုင်တပိုင် ပစ္စည်းတွေ သယ်ယူ၊ သယ်ပို့ကာ နယ်စပ်ဂိတ်ကို မှီခိုပြီး အသက် မွေးဝမ်းကျောင်းပြုနေကြတာ ဖြစ်ပါတယ်။
Photo: Shy V
#centralnewsnaypyitaw
