16 ပတ် - ဘာသာပြန်ပါ။

အင်တာမီလန်အသင်းဟာ အာဆင်နယ်အသင်းနောက်ခံလူအိုလေ့က်ဆာန်ဒါးလ်ဇင်မ်ချန်ကိုကို ဒီဇန်နဝါရီကာလမှာခေါ်ယူဖို့စဉ်းစားသုံးသပ်နေပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ယူကရိန်းနောက်ခံလူ အိုလက်ဆာန်းဒါးလ်ဇင်ချန်ကိုကို ဒီဇန်နဝါရီကာလအပြောင်းအရွှေ့စျေးကွက်ကာလမှာ အသင်းဆီခေါ်ယူဖို့ကမ်းလှမ်းမှုလုပ်ဆောင်ရန်ပြင်ဆင်နေတယ်လို့ The Sun သတင်းကဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာအနေနဲ့ အဆိုပါကစားသမားဟာ ဂန်းနားအသင်းမှာပွဲထွက်ကစားခွင့်နေရာကနေဖယ်ပေးခဲ့ရပြီးနောက် အဆိုပါယူကရိန်းကစားသမားကိုလက်လွှတ်ဖို့အတွက်ကမ်းလှမ်းမှုလက်ခံနားထောင်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ယုံကြည်ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့လည်း ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား တီယိုအဲလ်နော့ဒေ့ချ်ကိုအသင်းဆီခေါ်ယူအားဖြည့်ဖို့စိတ်ဝင်စားနေခဲ့တာကြောင့် ဇင်ချန်ကိုရဲ့အနာဂတ်ဟာ မသေချာမှုတွေရှိလာစေခဲ့တာလည်းဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image