16 w - Translate

အမေရိကန်သမ္မတဟောင်းများ ကာတာ၏ဈာပန တက်ရောက်မည်
------------------------
သမ္မတဟောင်း ဂျင်မီတာကာရဲ့ဈာပနကို အမေရိကန် သမ္မတဟောင်းတွေဖြစ်တဲ့ ဘီလ်ကလင်တန်၊ ဂျော့ခ်ျ ဒဗလျူဘုရှ်၊ ဘားရက် အိုဘားမားတို့အပြင် သမ္မတဟောင်းနဲ့ လက်ရှိရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တို့လည်း တက်ရောက်ဖို့ ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၉ ရက်မှာ ပြုလုပ်မယ့် သမ္မတဟောင်း ဂျင်မီကာတာရဲ့ ဈာပနကို နိုင်ငံတော်အဆင့်ဈာပနအဖြစ် ဝါရှင်တန်က အမျိုးသားဘုရားရှိခိုး ကျောင်းမှာ ပြုလုပ်မှာဖြစ်ပြီး လက်ရှိသမ္မတဂျိုးဘိုင်ဒန်က အဲဒီနေ့ကို ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာထား ပါတယ်။ အမေရိကန်သမ္မတဟောင်းတွေအပြင် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါက ဂျင်မီကာတာရဲ့ ဈာပနကို တက်ရောက်ဖို့အတွက် ဝါရှင်တန်ဒီစီကို သွားရောက်မယ်လို့ ဇန်နဝါရီ ၇ ရက်က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အီဒင်ဘတ်မြို့စား စကော့တလန်မင်းသား အက်ဒဝပ်ကလည်း ဂျင်မီကာတာရဲ့ ဈာပနကို တက်ရောက် မှာပါ။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးဖြစ်သူ မလီနီယာထရမ့်တို့ဟာ ဇန်နဝါရီ ၈ ရက်က အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ထားရှိတဲ့ ဂျင်မီကာတာရဲ့ ရုပ်အလောင်းကို သွားရောက်ဂါရဝ ပြုခဲ့ပါတယ်။ အမေရိကန် ရဲ့ ၃၉ ယောက်မြောက် သမ္မတဟောင်း ဂျင်မီကာတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဆုံးပါးခဲ့တာ ဖြစ်ပြီး သူသေဆုံးချိန်မှာ အသက် ၁၀၀ ရှိပြီ ဖြစ်ပါတယ်။

imageimage