ဘီးကြဲကြီးတွေ မှတ်မိကြဦးမှာပေါ့ .....
ရေခွက်လေးနဲ့ တစိမ့်စိမ့်လောင်းပြီး တော်ကီပစ်ရတဲ့ အရသာကို ခုခေတ် ချာတိတ်တွေ ဘယ်သိလိမ့်မလဲ..
အေးစက်နေအောင် ရေခဲရေကို နှပ်ထားပြီး ...
ပုံးသေးသေးလေးကိုင် .. ခွက်ကလေးနဲ့ အနားကိုကပ်..
ဒါလေးကုန်အောင်တော့ လောင်းမယ်နော်လို့ အင်ထရိုလေးဝင် ... (ဒီကောင် မကုန်အောင် စိမ်လောင်းပြီး
လေကြောရှည်တော့မယ်ဆိုတာ သူကလဲသိတယ်။
သင်္ကြန် ဆိုတော့လဲ သိတယ်မဟုတ်လား..
ခေါင်းလေးပဲ ငြိမ့်ပြတာပေါ့၊ မငြိမ့်ရင်လဲ ဒီမောင်တွေက ပေကပ်နေမှာလေ.. )
ခေါင်းကနေစပြီး ရေစက်ချသလို မျှဉ်းပြီးလောင်း ..
ကျောထဲထိစိမ့်နေအောင်လောင်း ..
အမလေး .. အမေကြီးရေ ..
အေးပါတယ်တော့ ဆိုပြီး ပခုံးလေးကျုံ့သွား ..
ထွက်မပြေးဘူးဆိုရင် တဝက်သေချာပြီ..
နာမည်လေးမေး ..
မနက်ဖြန် လာဦးမှာလားလို့မေး ..
အင်း.. တို့ .. ဘာတို့ အသံထွက်လာရင်
နောက်တဆင့်တက်ပြီးတော့ ..
ဖုန်းနံပါတ်လေးတောင်း .. လိပ်စာလေးတောင်း ..
ညဖက်ကျ ဖုန်းကလေးဆက် ..
အဲဒီကနေ .. ဇာတ်လမ်းတွေ .. ဒီလို.. ဒီလို ..😍💘💟
အဖေတို့ခေတ်က ဖုန်းတွေရှားတော့ လိပ်စာအဓိကပေါ့လေ.. ကိုယ်တွေခေတ်ကျတော့ မရှားပေမဲ့
မပေါသေးဘူး ... လိုင်းဖုန်းပဲရှိတာ .. တဆင့်ခေါ်ဖုန်းတွေများတယ် .. လိပ်စာပဲ အားကိုးရတာပါပဲ ..
ဒီလို သင်္ကြန်ဖီလင်တွေ မင်းတို့ကောင်တွေ ဘယ်သိတော့မလဲကွာ .. ခံစားတတ်မယ်လဲ မထင်ပါဘူး။
ခုခေတ် သင်္ကြန်ဆိုတာ သိတဲ့အတိုင်း.. .
ရှော်တီကြီးတွေလဲ မှတ်မိမှာပါ ....အဟေးဟေး ...
😜😬😂😄
ပြန်လည်မျှဝေ ခံစားသည်🤗