25 w - Translate

လိုဂန်ပေါလ်က ပြီးခဲ့တဲ့ WWE ရဲ့ Wrestle Mania 40
မှာ သူ့ကိုအနိုင်ရအောင် ကူညီပေးခဲ့လို့ဆိုပြီး IshowSpeed ကို စပရိုက်လုပ်ပေးလိုက်ပါတယ်။

ရန်ဒီ အော်တွန်နဲ့ ယှဥ်ပြိုင်ခဲ့တဲ့ပွဲစဥ်မှာ လိုဂန်တစ်ယောက် အမှောက်သိ-ပ်ခံလိုက်ရတဲ့အချိန် Speed က ကြိုးဝိုင်းနားကိုရောက်လာပြီး လိုဂန်ကို ကယ်တင်ပေးသွားခဲ့တာပါ။

ပြီးတော့ ရန်ဒီအော်တွန်ကိုလည်း ဆဲဆိုပြီး ရန်စလိုက်သလို ရင်ဘတ်ကိုပါ စော-င့်တွန်းလိုက်ပါသေးတယ်။ ဒါကြောင့် Speed ဟာ ရန်ဒီရဲ့ RKO နဲ့ အကြုံးခံလိုက်ရပါတော့တယ်။ Speed လည်း (လုံးဝ)ပြန်မထနိုင်တော့ပါဘူး။

ဒါပေမဲ့ လိုဂန်ပေါလ်ကတော့ Speed ကြားဝင်ရောက်လာခဲ့လို့ ရှုံးနိမ့်မဲ့အရေးကနေ ရှောင်လွဲနိုင်ခဲ့ကာ အဆုံးမှာ အနိုင်ရခဲ့ပါတယ်။

တကယ်တော့ ဒါတွေအကုန်လုံးဟာ WWE ဆိုတဲ့အတိုင်း ဇာတ်ညွှန်းအရ သရုပ်ဆောင်ချက်တွေဆိုပေမဲ့လည်း လိုဂန်ကတော့ ရန်ဒီရဲ့ စမတ်ကွက်မိသွားခဲ့တဲ့ Speed ကို ကျေးဇူးတင်တဲ့သဘောမျိုးနဲ့ Tesla Cybertruck တစ်စီးကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အီလွန်မက်စ်ရဲ့လျှပ်စစ်စွမ်းအင်သုံးကားဖြစ်တဲ့ ဒီကားက အမေရိကန်မှာဆိုရင် ယူရို ၆၀,၀၀၀ ကျော် (မြန်မာငွေ သိန်းနှစ်ထောင်ကျော်) အထိ ပေါက်ဈေးရှိပါတယ်။

Speed လည်း ကားကိုမြင်ချိန်မှာ အတော်လေး ပျော်သွားခဲ့တာပါ။ ပြီးတော့ သူကိုယ်တိုင်တက်မောင်းခဲ့ပြီး၊ ကားက အနက်ရောင်ဖြစ်နေတာကြောင့် သူက လူမည်းမလို့ အနက်ရောင်ပေးတာလားဆိုပြီး လိုဂန်ပေါလ်ကို စနောက်လိုက်ပါသေးတယ်။

Credit to footballcorner

image