25 w - Translate

ဒီရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး(၆)သင်းထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းအသာရမလဲ❓

ယခုရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး(၆)သင်း ပတ်လည်တွေ့ဆုံမှုကို အမှတ်ပေးဇယားသီးသန့်ခွဲထုတ်ကာ Mini-League ပုံစံပြုလုပ်ကြည့်မည်ဆိုပါက နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက (၉)ပွဲကစား ရမှတ်(၁၃)မှတ်ဖြင့် ထိပ်ဆုံးတွင်ဦးဆောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။သို့သော် လန်ဒန်ကလပ်အသင်းနှစ်သင်းဖြစ်သည့် အာတေတာရဲ့ အာဆင်နယ်နှင့် ပိုစတယ်ဂိုဂလူးစ်ရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းများက (၇)ပွဲကစား(၁၂)မှတ်စီရရှိနေသဖြင့် (ထိပ်ဆုံး ၆ သင်းအသင်းများနှင့်)ကစားရန် ပွဲကျန်(၃)ပွဲစီကျန်ရှိနေပြီးပွဲကျန်တစ်ပွဲသာကျန်တော့သည့် မန်စီးတီးအသင်းကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေသည်။ထိပ်ဆုံး(၆)သင်းပတ်လည်တွေ့ဆုံမှုတွင် အခြေအနေအဆိုးဆုံးအသင်းမှာ လီဗာပူးလ်အသင်းဖြစ်သည်။လီဗာပူးလ်အသင်းသည် ယခုရာသီ၌ အမှတ်ပေးဇယား ထိပ်ဆုံး(၆)သင်းစာရင်းဝင် အသင်းများနှင့် တွေ့ဆုံမှုများတွင် ရလဒ်မကောင်းဘဲ တစ်ပွဲသာ အနိုင်ရကာ (၅)ပွဲသရေကျပြီး (၂)ပွဲရှုံးနိမ့်ခဲ့သဖြင့် (၈)မှတ်သာရကာ အောက်ဆုံးနေရာတွင် ရပ်တည်နေသည်။

image