8 w - Translate

ရွှေကြိုမောင်မယ်အဖြစ် အရွေးမခံရဘဲ ကျန်ခဲ့သူများ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး၏ ဖျော်ဖြေရေးကဏ္ဍ၌ ပါဝင်နိုင်

ရွှေကြိုမောင်မယ်များအဖြစ် နောက်ဆုံးအဆင့်၌ အရွေးမခံရဘဲ ကျန်ရစ်ခဲ့သူများသည် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး၏ ဖျော်ဖြေရေးကဏ္ဍ၌ ပါဝင်နိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးထားသည်။

အကယ်ဒမီပေးပွဲ၌ အမှန်တကယ်အချိန်ပေးနိုင်ပြီး ရုပ်ရှင်ဝါသနာပါသူ ရွှေကြိုယှဉ်ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်အရွေးချယ်မခံခဲ့ကြရသည့် မောင်မယ်များအနေဖြင့် ရုပ်ရှင်အစည်းအရုံးကို ဇန်နဝါရီ (၁၁) ရက် နောက်ဆုံးထားပြီး အမြန်စာရင်းပေးသွင်းကြရမည် ဖြစ်ကြောင်း သိရသည်။

“ အမည်စာရင်းရပြီးရင် တီးလုံးတိုက်လေ့ကျင့်ရေး အချိန်ပေးရမယ်၊ အဲဒါကြောင့် သတ်မှတ်ရက်အတွင်း ပေးစေလိုပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အသိပေးထားသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် လက်ရှိတွင် ရွှေကြိုမောင်မယ် (၄၀)ဦးကို ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်ထားပြီး ဖြစ်သည်။

image