လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဖီဒရီဂို ချီဆာရဲ့အေးဂျင့်ဖြစ်သူ ဖာလီရာမာဒါနီက ဒီဇန်နဝါရီစျေးကွက်ကာလမှာအသင်းပြောင်းရွှေ့ဖို့ထွက်ပေါ်နေတဲ့ကောလဟာလသတင်းတွေကိုတုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းနဲ့အတူ ကြိုးကြာနီအသင်းဆီပြောင်းရွှေ့လာခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ လေ့ကျင့်ရေးလုပ်ဆောင်စဉ်မှာဒဏ်ရာပြသနာတွေထပ်ခါတလဲလဲရနေပြီးခန္ဓာကိုယ်ကြံ့ခိုင်မှုပြသနာကြောင့် ၄ ပွဲသာပါဝင်ကစားထားခဲ့ရပါတယ်။

ပွဲထွက်မကစားရတဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုပြသနာကြောင့်ကစားသမားအနေနဲ့ အသင်းကနေလက်လွှတ်ခံရဖို့ရှိနေတဲ့သတင်းတွေထွက်ပေါ်လာစေခဲ့ပြီး နာပိုလီနဲ့ဖီအိုရင်းတီးနားအသင်းတို့အပါအဝင် အီတလီကလပ်အသင်းကြီးတွေကစိတ်ဝင်စားလာကြတာဖြစ်ပါတယ်။

နာပိုလီအသင်းကလည်း ဆောင်းရာသီကာလစျေးကွက်မှာချီဆာကိုခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းကိုမချိတ်ဆက်လာခဲ့ပါဘူး။ပြီးတော့ ကလပ်အသင်းကိုယ်တိုင်ကလည်း ကစားသမားကိုအသင်းကနေလက်လွှတ်ဖို့ရည်မှန်းချက်မရှိပါဘူးလို့ နောက်ဆုံးမှာတော့ ကစားသမားအေးဂျင့်ဖြစ်သူကအဆိုပါကောလဟာလသတင်းတွေနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
 
#ဘောလုံးသတင်းအစုံအလင်

image