25 w - Translate

ပုံမှာ မြင်ရတဲ့အိမ်ကတော့ ကမ္ဘာ့ပထမဆုံးအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူနိုင်စွမ်းရှိတဲ့ ကွန်ကရစ်နံရံတွေ အသုံးပြု တည်ဆောက်ထားတာပါ။ ဂျပန်နိုင်ငံ ခရူဇာဝါမြို့မှာ တည်ရှိပြီး Nendo စတူဒီယိုက ဒီဇိုင်းဆွဲပေးထားတာ ဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် CO2-SUICOM ကွန်ကရစ်ကို Kajima ၊ Chugoku Electric Power Co.၊ Denka နဲ့ Landes Co. တို့က ပူးပေါင်းဖန်တီးခဲ့တာပါ။ ဘိလပ်မြေအစားထိုး ပစ္စည်းတွေကို အသုံးပြုထားတဲ့အပြင် ကာဗွန်စုပ်ယူမှုအားကောင်းတဲ့ ပစ္စည်းတွေကို ပေါင်းစပ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ခရူဇာဝါမြို့ဟာ တောင်ပေါ်အပန်းဖြေစခန်းမြို့လေး ဖြစ်ပြီး ဒီအဆောက်အအုံကတော့ မီတာ ၁၁၀ ရှည်လျားတဲ့ ခြံဝန်းထဲမှာ တည်ဆောက်ထားတာပါ။

Ref:NENDO USES CO2-SUICOM TO DESIGN SCREENING WALLS

image
image
image
image