တိဘက်မြေငလျင် သေဆုံးသူ ၁၂၀ ကျော်လာပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေ

ပေကျင်း၊ ဇန်နဝါရီ ၈

တရုတ်နိုင်ငံအနောက်ပိုင်း တိဘက်ဒေသမှာ မနေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် သေဆုံးသူ ၁၂၆ ယောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်သား ၁၄၀၀ ကျော်ဖြန့်ကြက်ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

ဧ၀ရတ်တောင်ခြေကနေ မိုင် ၅၀ အကွာ အဲဒီဒေသမှာ ငလျင်လှုပ်ခတ်ပြီးနောက် ပိတ်မိနေသူ ၄၀၀ ကျော်ကို မနေ့က ကယ်တင်နိုင်ခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။ အပူချိန်ဟာ အနှုတ် ၁၆ ဒီဂရီထိ ကျဆင်းနေပြီး ဘေးသင့်ဒေသကို တရုတ်ဒုတိယဝန်ကြီးချုပ် ရောက်ရှိနေပါတယ်။

အဓိက ဘူမိပြတ်ရွေ့ကြောပေါ်မှာတည်ရှိတာကြော င့် မကြာခဏဆိုသလို ငလျင်လှုပ်ခတ်လေ့ရှိပြီး ဒီဖြစ်ရပ်ဟာတော့ မကြာသေးမီနှစ်တွေအတွင်း တရုတ်နိုင်ငံမှာ လူအသေအပျောက်အများဆုံး သဘာ၀ဘေးဖြစ်ပါတယ်။

အမေရိကန် ဘူမိတိုင်းတာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အဲဒီငလျင်ဟာ ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိပြီး တရုတ်နိုင်ငံအပြင် အိမ်နီးချင်း နီပေါ၊ အိန္ဒိယနိုင်ငံတို့မှာလည်း ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိဘက်ဒေသမှာ အာဏာပို်ငတွေရဲ့ ကန့်သတ်ချက်တွေကြောင့် သေဆုံးမှုအရေအတွက်ဟာ နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သလောက်သာ သိရှိရပါသေးတယ်။

ငလျင်ကြောင့် အဆောက်အအုံ ၃၆၀၀ ကျော်ပြိုကျခဲ့ပြီး ဒေသခံသုံးသောင်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အသေအပျောက်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရေး၊ ဒဏ်ရာရသူတွေကို ကုသရေးနဲ့ ပြန်လည်နေရာချထားရေးတွေကို အစွမ်းကုန်လုပ်ဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image